သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တယ်လီနောရဲ့ Wave Money အစုရှယ်ယာ ရိုးမစီးပွားရေးအုပ်စုဝယ်ယူ


 ရန်ကုန်မြို့Telenor အရောင်းပြခန်းတခု ဖွင့်လှစ်ခဲ့စဉ် (၂၆၊၁၁၊၂၀၁၄) (ဓာတ်ပုံ - AP)
ရန်ကုန်မြို့Telenor အရောင်းပြခန်းတခု ဖွင့်လှစ်ခဲ့စဉ် (၂၆၊၁၁၊၂၀၁၄) (ဓာတ်ပုံ - AP)


နော်ဝေနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနောက မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းနဲ့ငွေလွှဲလို့ရတဲ့ သူ့ရဲ့Wave Money အစုရှယ်ယာ ၅၁ %ကို Yoma အုပ်စု ကို ဒေါ်လာ ၅၃ သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်ကြောင်း ကုမ္ပဏီနှစ်ခုက ဒီကနေ့ပူးတွဲထုတ်ပြန်ပါတယ်။ ရှယ်ယာဝယ်ယူတဲ့ Yoma MFS Holding Ltd ဟာ စင်္ကာပူနိုင်ငံမှာမှတ်ပုံတင်ထားတဲ့ Yoma Strategic က လက်အောက်ခံအဖွဲ့အစည်းပါ။
Wave Money ရဲ့ တန်ဖိုးက ဒေါ်လာ ၁၀၄ သန်း ရှိနေပါတယ်။ ၂၀၂၀ နှစ်လယ်လောက်မှာ တယ်လီနောကုမ္ပဏီက သူ့ရဲ့အစုရှယ်ယာတန်ဖိုး ၇၆.၅ သန်း ရောင်းချဖို့ လက်မှတ်ထိုးခဲ့တဲ့အချိန်တုန်းကတော့ Wave Money ရဲ့တန်ဖိုးက သန်း ၁၅၀ ဝန်းကျင်ရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာ မနှစ်ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီး နိုင်ငံရေး မတည်မငြိမ်ဖြစ်လာပြီးတဲ့နောက် တယ်လီနောက သူ့လုပ်ငန်းတွေ ပြန်ပြီးရုပ်သိမ်းဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းကလည်း မြန်မာနိုင်ငံတွင်းက တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းတွေကို ဒေါ်လာ ၁၀၅ သန်းနဲ့ လက်ဘနွန်နိုင်ငံက M1 စီးပွါးရေးအုပ်စုကို ရောင်းချဖို့ သဘောတူခဲ့ပါတယ်။ အဲဒီအရောင်းအဝယ် ကိစ္စတွေကိုလည်း မြန်မာအာဏာပိုင်တွေဖက်က ခွင့်ပြုချက်ရရဖို့ စောင့်နေရတာပါ။ ၂၀၂၀ ခုနှစ်မှာတော့ Wave Money နဲ့ ငွေပေးငွေယူလည်ပတ်နေတဲ့တန်ဖိုးက ဒေါ်လာ ၈.၇ ဘီလီယံထိရောက်လာပါတယ်။ ၂၀၂၁ ခုနှစ် ဂျွန်လလောက်ကစပြီး သိသိသာသာတိုးတက်လာတာတွေ့ရသလို နောက်ထပ်အလားအလာကောင်းတွေ တွေ့နေရတယ်လို့လည်း ကုမ္ပဏီနှစ်ခုပူးပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

............................................................................................

တယျလီနောရဲ့ Wave Money အစုရှယျယာ ရိုးမစီးပှားရေးအုပျစုဝယျယူ

(Unicode)

please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG