သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Temu တရုတ်အွန်လိုင်းအရောင်းလုပ်ငန်းကို EU စုံစမ်းစစ်ဆေးနေ


Shein and Temu logos
Shein and Temu logos

တရားမဝင်ကုန်ပစ္စည်းရောင်းချမှုကို တားဆီးဖို့ပျက်ကွက်တယ်ဆိုတဲ့သံသယနဲ့ တရုတ်အွန်လိုင်း အရောင်းကုမ္ပဏီTemu ကို စုံစမ်းစစ်ဆေးနေတယ်လို့ အီးယူ-ဥရောပသမဂ္ဂက ကြာသပတေးနေ့မှာ ပြောပါတယ်။

Temu ကို ဥရောပကော်မရှင်က အီးယူရဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဆိုင်ရာ ဥပဒေအရ တင်းတင်း ကြပ်ကြပ်စစ်ဆေးဖို့လိုအပ်တဲ့စာရင်းထဲမှာထည့်လိုက်ပြီးတဲ့နောက် စုံစမ်းစစ်ဆေးနေတာ ၅ လရှိပြီ ဖြစ်ပါတယ်။ ဒါဟာ အင်တာနက်သုံးစွဲသူတွေ လုံခြုံစိတ်ချရရေးအတွက် ချမှတ်ထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ Temu ဟာ အနောက်နိုင်ငံဈေးကွက်ထဲကို လွန်ခဲ့တဲ့ ၂ နှစ်ကမှ ရောက်လာတာဖြစ်ပြီး အဝတ်အထည်ကနေ အိမ်သုံးပစ္စည်းအထိ အမျိုးအမည်အစုံကို တရုတ်ပြည်ကနေပို့ပေးပြီး ဈေးသက်သက်သာသာနဲ့ရောင်းချတာကြောင့် လူသိများလာတာ ဖြစ်ပါတယ်။

ဒီကုမ္ပဏီကို တရုတ်နိုင်ငံရဲ့ အွန်လိုင်းစီးပွါးရေးမှာ နာမည်ကြီးတဲ့ Pinduoduo Inc. ကုမ္ပဏီကပိုင်ပြီး ဥရောပသမဂ္ဂနိုင်ငံတွေမှာဆို Temu အွန်လိုင်းမှာ ဈေးဝယ်သူ ၉၂ သန်း ရှိနေတာပါ။ Temu ကတော့ သူတို့ဟာ DSA ရဲ့ ညွန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်နေပြီး သူ့ အွန်လိုင်းသုံးစွဲသူတွေရဲ့ လုံခြုံရေးကို ပိုကောင်းအောင် ဆက်လုပ်မှာဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဥရောပကော်မရှင် အမှုဆောင်အကြီးအကဲတဦးဖြစ်တဲ့ Margrethe Vestager ကလည်း Temu ရဲ့ အွန်လိုင်းအရောင်းအဝယ်စနစ်ဟာ အီးယူရဲ့ စံတန်ဖိုးအတိုင်းလိုက်နာပြီး စားသုံးသူတွေကို မထိခိုက်တာသေချာအောင် အီးယူကလုပ်ဆောင်မှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

Temu အွန်လိုင်းစနစ်ကနေ တရားမဝင်ပစ္စည်းတွေ ရောင်းချမှု ရှိမရှိ၊ စားသုံးသူတွေ ထိခိုက်နစ်နာအောင် လုပ်ဆောင်မှုတွေ ရှိမရှိ ဥရောပကော်မရှင်က စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာလည်း Temu ကိုအလားတူ စုံစမ်းစစ်ဆေးနေပါတယ်။

Temu တရုတ်အွန်လိုင်းအရောင်းလုပ်ငန်းကို EU စုံစမ်းစစ်ဆေးနေ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG