သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်နေအိမ်ရှေ့ ဆန္ဒပြသူ ထောင်ချီစုဝေး


ထိုင်းအစိုးရကို ဆန့်ကျင်ကန့်ကွက်နေသူတွေ ဝန်ကြီးချုပ် Yingluck Shinawatra အိမ်ရှေ့မှာ ဝန်ကြီးချုပ်နုတ်ထွက်ဖို့ တောင်းဆိုနေကြစဉ်။ ဒီဇင်ဘာ ၂၂၊ ၂၀၁၃။
ထိုင်းအစိုးရကို ဆန့်ကျင်ကန့်ကွက်နေသူတွေ ဝန်ကြီးချုပ် Yingluck Shinawatra အိမ်ရှေ့မှာ ဝန်ကြီးချုပ်နုတ်ထွက်ဖို့ တောင်းဆိုနေကြစဉ်။ ဒီဇင်ဘာ ၂၂၊ ၂၀၁၃။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့နေအိမ်အပြင်ဘက်မှာ ဆန္ဒပြသူ ထောင်နဲ့ချီ ရောက်ရှိနေပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့၊ ထိုင်းဝန်ကြီးချုပ်ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

မြို့တော်ရဲ့တခြားအပိုင်းတွေမှာလည်း ဆန္ဒပြပွဲကြီးတစ်ခုကျင်းပဖို့ ထောင်သောင်းချီတဲ့ဆန္ဒပြသူတွေ စုဝေးရောက်ရှိလာတဲ့အလျှောက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြားမှာ ဒီကနေ့ ပြဿနာ နည်းနည်းရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ယင်းလပ် ရှင်နာဝပ် ရာထူးကဆင်းပေးဖို့အတွက် သီတင်းနှစ်ပတ်ကြာ လမ်းမတွေပေါ်ထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဆူထက်ပ်၊ သောင်ဆူဘန်ကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ လက်ရှိအစိုးရကို ခေတ္တရပ်ဆိုင်းပြီး ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲသစ်တွေ ကျင်းပတဲ့ အချိန်အထိ သူတို့ရဲ့ ရွေးကောက်မခံရတဲ့ ပြည်သူ့ကောင်စီကို ယာယီ အုပ်ချုပ်ခိုင်းစေချင်တာ ဖြစ်ပါတယ်။

မစ္စ်ယင်းလပ်ကတော့ ဒီဇင်ဘာလ ၉ ရက်နေ့ကပဲ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးတော့ ဒီတင်းမာမှုတွေကို ဖြေလျော့ဖို့ ကြားဖြတ်ပြီး ဆန္ဒမဲ ခံယူခဲ့ပေမယ့်လည်း သူ့ကိုဆန့်ကျင်မှုတွေက ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။
XS
SM
MD
LG