သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ အင်ဒိုနီးရှား ရေပိုင်နက် ပြဿ နာပေါ်


መኽፈቲ ስነ ስርዓት ዋንጫ ዓለም
መኽፈቲ ስነ ስርዓት ዋንጫ ዓለም

Natuna ကျွန်းစုဝန်းကျင်ရှိ ပင်လယ်ရေမိုင် ၂၀၀ ကျော်အတွင်း သတ်မှတ်ထားတဲ့ EEZ အထူးစီးပွားရေးဇုန်မှာ ရေပြင်ပိုင်ဆိုင်မှု ပြသနာကို မီးမောင်းထိုးပြ ရာ ရောက်စေခဲ့တဲ့ မကြာသေးမီက ငါးဖမ်းရာ မှာ နှစ်နိုင်ငံ ပြသနာတက်ခဲ့ပြီးနောက် တရုတ်နဲ့ အင်ဒိုနီးရှားကြား တင်းမာမှုတွေ တိုးလာနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ရေပြင်ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အခိုင်အမာ ရပ်တည်သွားမှာဖြစ်ပေမဲ့လည်း အင်ဒိုနီးရှားကို ဒေါသထွက်အောင်တော့ လုပ်မှာ မဟုတ်တဲ့အကြောင်း အကဲခတ်တွေက ပြောကြပါတယ်။

အင်ဒိုနီးရှားက Natuna ကျွန်း ပြသနာနဲ့ ပတ်သက်လို့ သဲသဲကွဲကွဲ ဖြစ်နိုင်ဖို့ တရုတ်ကို နိုင်ငံတကာတရားရုံးကို တင်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါပေမဲ့ Natuna ကျွန်းနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို တရုတ်က အများသိအောင် အသိအမှတ်ပြုခဲ့ပြီးဖြစ်တဲ့အတိုင်း - နောက်ထပ် လိုက်လျောမှု ပြုလုပ်ဖို့တော့ အဆင်သင့် ရှိပုံမပေါ်တဲ့အကြောင်း အကဲခတ်တွေက ထောက်ပြကြပါတယ်။

Natuna ကျွန်း ကမ်းလွန်ပိုင်း ၂ မိုင်အကျော်မှာနဲ့ အင်ဒိုနီးရှားက သူပိုင်ကြောင်း ကြေညာ ထားတဲ့ EEZ အထူးစီးပွားရေးဇုန်အတွင်း ရေပြင်ပိုင်နက်မှာ တရုတ်ငါးဖမ်းသင်္ဘောတစင်းက တရားမဝင် ငါးဖမ်းခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက မတ်လလယ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေက တရုတ်ငါးဖမ်းသမား ၈ ဦးကို ဖမ်းဆီးခဲ့ရာမှာ - တရုတ်ကမ်းခြေစောင့်သင်္ဘောက ကြားဝင် စွက်ဖက်ခဲ့တဲ့အတွက်ကြောင့် ဖမ်းဆီးထားတဲ့ ငါးဖမ်းသင်္ဘောကို ပြန်လွှတ်ပေး ရာမှာ တောင်တရုတ်ပင်လယ်တွင်းကို တွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG