သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟားမတ်စ်ကြား ညှိုနှိုင်းနေတဲ့ အကြိုသဘောတူညီချက်တွေ ထွက်ပေါ်


Palestinians search for casualties at the site of Israeli strikes on houses in Jabalia refugee camp at the Indonesian hospital, in the northern Gaza Strip
Palestinians search for casualties at the site of Israeli strikes on houses in Jabalia refugee camp at the Indonesian hospital, in the northern Gaza Strip

ဟားမတ်စ်ဘက်က ဂါဇာမှာ ဓါးစားခံအဖြစ် ဖမ်းဆီးထားတဲ့ အမျိုးသမီးနဲ့ကလေး ဒါဇင်နဲ့ချီပြီး လွှတ်ပေးဖို့နဲ့ အပြန်အလှန်အားဖြင့် ၅ ရက်ကြား တိုက်ပွဲတွေရပ်ဖို့ အစ္စရေးလ်၊ ဟားမတ်စ်၊ အမေရိကန်ကြားမှာ အကြိုသဘောတူညီချက် ရရှိထားတယ်လို့ ဒီသဘောတူညီမှုနဲ့ နီးစပ်တဲ့သူတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

ဒါပေမဲ့ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင်နတန်ညာဟူးနဲ့ အမေရိကန်တာဝန်ရှိသူတွေဘက်ကတော့ သဘောတူညီမှု တစုံတရာ မရသေးဘူးလို့ ပြောပါတယ်။ စာမျက်နှာ ၆ မျက်နှာ ပါဝင်တဲ့ ဒီသဘောတူညီချက်အကြမ်းမှာ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို လွှတ်ပေးတာတွေကို လာမယ့်ရက်အနည်းငယ်အတွင်း စတင်လာနိုင်တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက စနေနေ့က ပြောပါတယ်။

အစ္စရေးလ်က ဂါဇာတောင်ပိုင်းမှာ ဟားမတ်စ်တွေအပေါ် ထိုးစစ်ဆင်နေတာကို တိုးချဲ့လုပ်ဆောင်သွားဖို့ ပြင်နေချိန်မှာပဲ အခုလို သတင်းထွက်ပေါ်လာတာပါ။ တချိန်တည်းမှာပဲ အစ္စရေးလ်က ဂါဇာတောင်ပိုင်းမှာ ဟာမားစ်တွေကို လေကြောင်းက တိုက်ခိုက်မှုအတွင်း ကျောင်း ၂ ကျောင်းမှာ ခိုလှုံနေတဲ့ အရပ်သားတွေအပါအဝင် ပါလက်စတိုင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေးလ်က ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသကို စနေနေ့ညက တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၂ ယောက်ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ ဂါဇာမှာရှိတဲ့ Shifa ဆေးရုံက မွေးကင်းစကလေး ၃၀ ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းကယ်ဆယ်နိုင်ခဲ့ပြီး အဲဒီကလေးတွေကို အီဂျစ်နိုင်ငံက ဆေးရုံတွေကို ပို့ဆောင်သွားမယ်လို့ AP သတင်းက ဖော်ပြပါတယ်။

XS
SM
MD
LG