သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်ကား တကြိမ်အားဖြည့်ရုံနဲ မိုင် ၂၀၀ ကျော်မောင်းနှင်နိုင်


Tesla ကုမ္ပဏီပူးတွဲတည်ထောင်သူ ဘီလျံနာသူဌေး Elon Musk တက်စ်လာ ကားကုမ္ပဏီရှေ့မှာ တွေ့ရစဉ်။ (ဂျွန် ၂၂၊ ၂၀၁၃)
Tesla ကုမ္ပဏီပူးတွဲတည်ထောင်သူ ဘီလျံနာသူဌေး Elon Musk တက်စ်လာ ကားကုမ္ပဏီရှေ့မှာ တွေ့ရစဉ်။ (ဂျွန် ၂၂၊ ၂၀၁၃)
အင်တာနက်ကနေ စီးပွားရေးဝန်ဆောင်မှုလုပ်နေတဲ့ Pay Pal ကုမ္ပဏီကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ လျှပ်စစ်ကားထုတ်လုပ်တဲ့ Tesla ကားကုမ္ပဏီပိုင်ရှင် ဘီလီယံနာသူဋ္ဌေးကြီး Elon Musk က ခရီးရှည်သွားနိုင်လာနိုင်တဲ့လျှပ်စစ်ကား ပြုလုပ်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

Los Angeles မြို့မှာရှိတဲ့ Tesla ကုမ္ပဏီရဲ့ ဒီဇိုင်းထုတ်လုပ်တဲ့ စတူဒီယိုမှာ ကြာသာပတေးနေ့က ပြုလုပ်တဲ့အခမ်းအနားမှာ Musk က အားကုန်သွားတဲ့ ဘက်ထရီနေရာမှာ အားအပြည့်ဖြည့်ထားတဲ့ ဘက်ထရီနဲ့ အစားထိုးထားတဲ့ ဘက်ထရီလဲတဲ့စနစ် အသစ်ကို ကြေညာခဲ့ပါတယ်။ အဲဒီ ဘက်ထရီအသစ်လဲတဲ့စနစ်က ဓာတ်ဆီလီတာ ၅၀ လဲတာနဲ့ အချိန်အတူလောက်ပဲရှိမှာဖြစ်သလို တန်ဖိုးအားဖြင့်လည်း အတူတူလောက်ပဲရှိမှာဖြစ်ပါတယ်။

Tesla’s က ဘက်ထရီအားအသစ် ပြန်သွင်းတဲ့နေရာမှာ ဘက်ထရီကို အလကား ပြန်သွင်းနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဘက်ထရီ အားပြန်သွင်းဖို့အတွက်ဆိုရင်တော့ နာရီဝက်လောက်ကြာမှာ ဖြစ်ပါတယ်။ ဘက်ထရီ အားအပြည့်ရှိတဲ့ကားတစင်း ပျမ်းမျှအားဖြင်တော့ မိုင် ၂၅၀ ကျော်ကျော်လောက် သွားနိုင်မှာဖြစ်ပါတယ်။

Tesla ကုမ္ပဏီဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဘက်ထရီအားဖြည့်နိုင်တဲ့ နေရာ ၈ နေရာရှိပြီး နောက်ထပ်လည်း ထပ်ပြီးတော့ ဖွင့်သွားဖို့ အစီအစဉ်တွေရှိတယ်လို့ ဆိုပါတယ်။ လာမယ့် နှစ်အကုန်မှာတော့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်အခြမ်းကနေ အရှေ့ဘက်အခြမ်းအထိ သွားနိုင်အောင် လုပ်လာဖို့ အလားအလာရှိနေပါတယ်။
XS
SM
MD
LG