သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တကၠဆက္ျပည္နယ္ ဘုရားေက်ာင္းပစ္ခတ္မႈ ၂ ဦးေသဆံုး


ပစ္ခတ္မႈျဖစ္ပြားရာ တကၠဆက္ျပည္နယ္ Fort Worth ၿမဳိ႕ ဆင္ေျခဖုံးရွိ West Freeway ခရစ္ယာန္ဘုရားေက်ာင္း တည္ေနရာျပေျမပုံ။

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု တကၠဆက္ျပည္နယ္ Fort Worth ၿမဳိ႕ ဆင္ေျခဖုံးက West Freeway ခရစ္ယာန္ဘုရားေက်ာင္းမွာ တနဂၤေႏြေန႔ ဝတ္ျပဳဆုေတာင္းေနတုန္း ေသနတ္သမားတဦးရဲ႕ ပစ္ခတ္မႈေၾကာင့္ လူႏွစ္ဦးေသဆုံးၿပီး ဒဏ္ရာရသြားတဲ့ ေနာက္တဦးကေတာ့ စိုးရိမ္ဖြယ္ အေျခအေနမွာ ရွိပါတယ္။ ေဆး႐ုံကိုသယ္သြားတဲ့ လမ္းမွာတင္ အဆုိပါလူႏွစ္ဦး ေသဆုံးသြားတာ ျဖစ္တယ္လို႔ ရဲကေျပာပါတယ္။

ေသနတ္သမားဟာ ေသဆုံးသြားၿပီလား ဒဏ္ရာရသူလားဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

အေမရိကန္ျပည္တြင္း တခ်ဳိ႕သတင္းေတြမွာေတာ့ ဘုရားေက်ာင္းလုံၿခဳံေရးက ျပန္လည္ပစ္ခတ္မႈေၾကာင့္ ေသနတ္သမား ေသဆုံးသြားၿပီလုိ႔ ေရးၾကပါတယ္။ သူ ဘယ္သူလဲ၊ ဘာေၾကာင့္ပစ္ခတ္လဲ ဆိုတာေတြကို မသိရေသးပါဘူး။

တကၠဆက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Greg Abbott ကေတာ့ ဘုရားေက်ာင္းဆုိတာ အထြတ္အျမတ္ထားရာ ေနရာျဖစ္ၿပီး ေနာက္ထပ္လူေတြ အသက္မဆုံး႐ႈံးရေအာင္ ေသနတ္သမားကို ဝုိင္းဖမ္းခဲ့ၾကတဲ့ ဘုရားေက်ာင္း လာတက္သူေတြကုိလည္း ေက်းဇူးတင္ေၾကာင္း သူ႔တြစ္တာမွာ ေရးပါတယ္။

------------------------------

(Unicode)

တက္ကဆက်ပြည်နယ် ဘုရားကျောင်းပစ်ခတ်မှု ၂ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် Fort Worth မြို့ ဆင်ခြေဖုံးက West Freeway ခရစ်ယာန်ဘုရားကျောင်းမှာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းနေတုန်း သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသွားတဲ့ နောက်တဦးကတော့ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိပါတယ်။ ဆေးရုံကိုသယ်သွားတဲ့ လမ်းမှာတင် အဆိုပါလူနှစ်ဦး သေဆုံးသွားတာ ဖြစ်တယ်လို့ ရဲကပြောပါတယ်။

သေနတ်သမားဟာ သေဆုံးသွားပြီလား ဒဏ်ရာရသူလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမေရိကန်ပြည်တွင်း တချို့သတင်းတွေမှာတော့ ဘုရားကျောင်းလုံခြုံရေးက ပြန်လည်ပစ်ခတ်မှုကြောင့် သေနတ်သမား သေဆုံးသွားပြီလို့ ရေးကြပါတယ်။ သူ ဘယ်သူလဲ၊ ဘာကြောင့်ပစ်ခတ်လဲ ဆိုတာတွေကို မသိရသေးပါဘူး။

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott ကတော့ ဘုရားကျောင်းဆိုတာ အထွတ်အမြတ်ထားရာ နေရာဖြစ်ပြီး နောက်ထပ်လူတွေ အသက်မဆုံးရှုံးရအောင် သေနတ်သမားကို ဝိုင်းဖမ်းခဲ့ကြတဲ့ ဘုရားကျောင်း လာတက်သူတွေကိုလည်း ကျေးဇူးတင်ကြောင်း သူ့တွစ်တာမှာ ရေးပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG