သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့


Texas ပြည်နယ်၊ Wst မြို့ ဓာတ်မြေသြဇာစက်ရုံပေါက်ကွဲပြီး မြင်ကွင်း။ (ဧပြီလ ၁၈၊ ၂၀၁၃။)
Texas ပြည်နယ်၊ Wst မြို့ ဓာတ်မြေသြဇာစက်ရုံပေါက်ကွဲပြီး မြင်ကွင်း။ (ဧပြီလ ၁၈၊ ၂၀၁၃။)
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓာတ်မြေသြဇာ စက်ရုံပေါက်ကွဲမှုဟာ တကယ့်ကို အိပ်မက်ဆိုးကြီး မက်သလိုပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Perry က ပြောလိုက်ပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေက ပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့တဲ့ အပျက်အစီးတွေ ကြားမှာ အသက်ရှင် ကျန်ရစ်မယ့်သူတွေကို ဆက်လက် ရှာဖွေနေပါတယ်။ ဒီပေါက်ကွဲမှုကြောင့် West ဆိုတဲ့မြို့ အိမ်တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ အတော် များများ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။

အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူ ဘယ်လောက်ရှိမယ်ဆိုတာကတော့ အတိအကျမသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ၁၅ ယောက်လောက် အထိ သေဆုံးနိုင်ပြီး ဒဏ်ရာရသူဟာ ၁၆၀ ကျော် သွားပြီဖြစ်သလို အတော်များများလည်း ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေဟာ တအိမ်ပြီးတအိမ် လိုက်လံရှာဖွေပြီးတော့ ကယ်ဆယ်တာတွေလုပ်နေတယ်လို့ ရဲအာဏာပိုင်တွေက ပြောပါတယ်။ ၅ ဘလောက် ပတ်ဝန်းကျင်အတွင်းမှာရှိတဲ့ အိမ်ခြေ ၈၀ လောက်ဟာ အတော်လေး ကို ထိခိုက်သွားတာ ဒါမှမဟုတ် လုံး၀ ပျက်စီးသွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးခဲ့ရသူတွေနဲ့ဆိုင်တဲ့ သတင်းတွေ အတော်များများဟာ အတိအကျပြောဖို့ စောလွန်းနေသေးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ပယ်ရီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

West မြို့ကို အမေရိကန်ဗဟိုအစိုးရရဲ့ အရေးပေါ်ပြဿနာဖြေရှင်းရေး အကူ အညီပေးသွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက အလျှင်အမြန်ပြောကြား ခဲ့တယ်လို့ မစ္စတာ ပယ်ရီက ပြောပါတယ်။
XS
SM
MD
LG