သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas မှာ ပြောင်းတို သေနတ်တွေ လူမြင်ကွင်း ကိုင်ခွင့်ပေး


Austin၊ Texasမှာ လက်နက်ကိုင်ဆောင်ခွင့် ထောက်ခံဆန္ဒပြ။
Austin၊ Texasမှာ လက်နက်ကိုင်ဆောင်ခွင့် ထောက်ခံဆန္ဒပြ။

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်မှာ ခြောက်လုံးပြူး ပစ္စတို စတဲ့ ပြောင်းတိုသေနတ်တွေကို လူမြင်သူမြင် ယူသွား နိုင်တဲ့ ဥပဒေ အသစ်တရပ် သောကြာနေ့ကစပြီး အသက်ဝင်ပါတယ်။ ဒီဥပဒေအရ တက္ကဆက်စ်ပြည်နယ်သားတွေအနေနဲ့ လိုင်စင်နဲ့ကိုင်တဲ့ ပစ္စတိုလ်သေနတ်တွေကို သေနတ်အိတ်နဲ့ထည့်ပြီး ယူသွားလို့ရပါပြီ။ ဒါဟာ ၁၈၇၁ ခုနှစ် ကတည်းကနေဆိုရင် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ လူမြင်ကွင်း မှာ သေနတ်ယူသွားလို့ရတဲ့ အခုဥပဒေကို ရီပတ်ဘလီကန်အမတ် အများစုဖြစ်တဲ့ ပြည်နယ် လွှတ်တော်ကနေ ၂၀၁၅ ခုနှစ်က ပြဌာန်းထားတာပ့ါ။

အခုဥပဒေအသစ်ကို ထောက်ခံသူတွေဟာ အိတ်နဲ့ထည့်ထားတဲ့ သူတို့ရဲ့သေနတ်တွေကို ယူပြီး အော်စတင်မြို့မှာရှိတဲ့ တက္ကဆက်စ်ပြည်နယ် လွှတ်တော် အဆောက်အဦးရှေ့မှာ သောကြာနေ့က စုဝေးကြပါတယ်။

ဘေးကင်းလုံခြုံရေးဆိုင်ရာ တက်ဖို့လိုအပ်တဲ့ သင်တန်းတွေကို တက်ရောက် အောင်မြင်ပြီးသူ၊ သေနတ်ကို အိတ်နဲ့ထည့်ပြီး ယူသွားခွင့်လိုင်စင် ရထားပြီးသူ တက္ကဆက်စ်ပြည်နယ်သားတွေအနေနဲ့ ဈေးဝယ်ထွက်တဲ့အခါ၊ လမ်းလျှောက်သွားတဲ့အခါ၊ ဘုရားကျောင်းသွားတဲ့အခါ၊ ညစာသွားစားတဲ့အခါ Glocks နဲ့ Smith and Wessons အမျိုးအစား သူတို့ သေနတ်တွေ ကို သေနတ်အိတ်နဲ့ ထည့်ပြီး လူမြင်သူမြင် သယ်သွားနိုင်ကြပါပြီ။

ဒါဟာ အများပြည်သူ ဘေးကင်းလုံခြုံရေးကို အားကောင်းစေမယ်လို့ ဥပဒေကို ထောက်ခံသူတွေကဆိုပါတယ်။ ကန့်ကွက်သူတွေ ကတော့ သေနတ်ကို လူမြင်သူမြင်ကိုင်နိုင်တဲ့ ပြည်နယ်တွေဟာ ပိုပြီးတော့ ဘေးကင်း လုံခြုံတဲ့နေရာတွေ ဖြစ်တယ်ဆိုတဲ့ အထောက်အထား မရှိလှဘူးလို့ ပြောကြပါတယ်

XS
SM
MD
LG