သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ Texas ျပည္နယ္ ဂ်ဴးဘုရားေက်ာင္း ဓားစာခံအားလုံး ျပန္လြတ္


ဓားစာခံေတြ ဖမ္းဆီးထားတဲ့ ဂ်ဴးဘုရားေက်ာင္းအနီး လုံၿခံဳေရးယူေနတဲ့ အထူးတပ္ဖြဲ႔ဝင္မ်ား။ (ဇန္နဝါရီ ၁၅၊ ၂၀၂၂)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု၊ Texas ျပည္နယ္က ဂ်ဴးဘုရားေက်ာင္းတခုထဲမွာ ဓားစာခံေတြ ဖမ္းထားတဲ့လူဟာ ဂ်ဴးလူမႈအသိုင္းအဝိုင္းကို တမင္ ပစ္မွတ္ထားတာ မဟုတ္ဘူးလို႔ အေမရိကန္ စုံစမ္းစစ္ေဆးေရးဗ်ဴ႐ို (FBI) က ေျပာပါတယ္။

Congregation Beth Israel ဂ်ဴးဘုရားေက်ာင္းထဲမွာ ဓားစာခံအျဖစ္ ဖမ္းခံထားရတဲ့ လူ ၄ ဦးစလုံး ေဘးမသီရန္မခ ျပန္လြတ္လာတယ္လို႔ တာဝန္ရွိသူေတြက စေနေန႔ညမွာ ေျပာပါတယ္။ ဓားစာခံတဦးကေတာ့ အေစာပိုင္းမွာ ျပန္လြတ္လာတာျဖစ္ၿပီး က်န္ ၃ ဦးကိုေတာ့ တာဝန္ရွိသူေတြ ဘုရားေက်ာင္းထဲဝင္ၿပီး ကယ္ထုတ္ခဲ့တာပါ။

ဂ်ဴးဘုရားေက်ာင္းကို ဝင္စီးခဲ့တဲ့လူ ေသဆုံးသြားတယ္ ဆုိေပမယ့္ ဘယ္လိုအသတ္ခံရတာလဲ ဆိုတာကိုေတာ့ တာဝန္ရွိသူေတြ ထုတ္ျပန္ျခင္း မရွိပါဘူး။

ဓားစားခံေတြ ဖမ္းထားခဲ့တဲ့ အဲဒီလူအေနနဲ႔ ေနာက္ထပ္ ႀကီးႀကီးမားမား အစီအစဥ္ေတြ ရွိပုံေတာ့ မရဘူးလို႔ FBI ေအးဂ်င့္ Matt DeSarno က ေျပာပါတယ္။ ဒါေပမယ့္လည္း ဒီကိစၥကို အျခားႏိုင္ငံေတြထိပါ FBI က စုံစမ္းေဖာ္ထုတ္သြားမယ္လို႔လည္း ေျပာပါတယ္။

အယ္လ္ခုိင္းဒါးတို႔နဲ႔ ဆက္စပ္ေနတယ္လို႔ သံသယရွိခံထားရတဲ့ ပါကစၥတန္ အာ႐ုံေၾကာဆိုင္ရာ သိပၸံပညာရွင္တေယာက္ကို လႊတ္ေပးဖို႔ အဲဒီလူက ေတာင္းဆိုခဲ့တယ္လို႔ အရာရွိတေယာက္က AP သတင္းဌာနကို အေစာပိုင္းမွာ ေျပာဆိုထားပါတယ္။

အေမရိကန္ အရာရွိေတြကို ပါကစၥတန္ႏိုင္ငံထဲမွာ သတ္ျဖတ္ဖို႔ ႀကံစည္မႈနဲ႔ အာ႐ုံေၾကာဆိုင္ရာ သိပၸံပညာရွင္ Aafia Siddiqui ကို Texas အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားတာ ျဖစ္ပါတယ္။

Texas ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Greg Abbott ကလည္း အခင္းျဖစ္ၿပီး ၁၂ နာရီအၾကာမွာ ဓားစာခံအားလုံး အႏၲရာယ္ကင္းစြာ ျပန္လြတ္လာၿပီလို႔ တြစ္တာ လူမႈစာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ဓားစားခံတေြကို ဝင္ၿပီး ကယ္တင္ခဲ့တဲ့ ျဖစ္ရပ္အေသးစိတ္ကိုေတာ့ ခ်က္ခ်င္း ထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကန် Texas ပြည်နယ် ဂျူးဘုရားကျောင်း ဓားစာခံအားလုံး ပြန်လွတ်

အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်က ဂျူးဘုရားကျောင်းတခုထဲမှာ ဓားစာခံတွေ ဖမ်းထားတဲ့လူဟာ ဂျူးလူမှုအသိုင်းအဝိုင်းကို တမင် ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ပြောပါတယ်။

Congregation Beth Israel ဂျူးဘုရားကျောင်းထဲမှာ ဓားစာခံအဖြစ် ဖမ်းခံထားရတဲ့ လူ ၄ ဦးစလုံး ဘေးမသီရန်မခ ပြန်လွတ်လာတယ်လို့ တာဝန်ရှိသူတွေက စနေနေ့ညမှာ ပြောပါတယ်။ ဓားစာခံတဦးကတော့ အစောပိုင်းမှာ ပြန်လွတ်လာတာဖြစ်ပြီး ကျန် ၃ ဦးကိုတော့ တာဝန်ရှိသူတွေ ဘုရားကျောင်းထဲဝင်ပြီး ကယ်ထုတ်ခဲ့တာပါ။

ဂျူးဘုရားကျောင်းကို ဝင်စီးခဲ့တဲ့လူ သေဆုံးသွားတယ် ဆိုပေမယ့် ဘယ်လိုအသတ်ခံရတာလဲ ဆိုတာကိုတော့ တာဝန်ရှိသူတွေ ထုတ်ပြန်ခြင်း မရှိပါဘူး။

ဓားစားခံတွေ ဖမ်းထားခဲ့တဲ့ အဲဒီလူအနေနဲ့ နောက်ထပ် ကြီးကြီးမားမား အစီအစဉ်တွေ ရှိပုံတော့ မရဘူးလို့ FBI အေးဂျင့် Matt DeSarno က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စကို အခြားနိုင်ငံတွေထိပါ FBI က စုံစမ်းဖော်ထုတ်သွားမယ်လို့လည်း ပြောပါတယ်။

အယ်လ်ခိုင်းဒါးတို့နဲ့ ဆက်စပ်နေတယ်လို့ သံသယရှိခံထားရတဲ့ ပါကစ္စတန် အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တယောက်ကို လွှတ်ပေးဖို့ အဲဒီလူက တောင်းဆိုခဲ့တယ်လို့ အရာရှိတယောက်က AP သတင်းဌာနကို အစောပိုင်းမှာ ပြောဆိုထားပါတယ်။

အမေရိကန် အရာရှိတွေကို ပါကစ္စတန်နိုင်ငံထဲမှာ သတ်ဖြတ်ဖို့ ကြံစည်မှုနဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Aafia Siddiqui ကို Texas အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

Texas ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott ကလည်း အခင်းဖြစ်ပြီး ၁၂ နာရီအကြာမှာ ဓားစာခံအားလုံး အန္တရာယ်ကင်းစွာ ပြန်လွတ်လာပြီလို့ တွစ်တာ လူမှုစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဓားစားခံတွေကို ဝင်ပြီး ကယ်တင်ခဲ့တဲ့ ဖြစ်ရပ်အသေးစိတ်ကိုတော့ ချက်ချင်း ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

XS
SM
MD
LG