သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာတရားမဝင်အမဲလိုက်မှု ကရင်တိုင်းရင်းသား ၂ ဦး ဖမ်းခံရ


ထိုင်း သဘာဝတောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေနဲ့ အဖမ်းခံရတဲ့ ဒေသခံ ကရင်တိုင်းရင်းသား နှစ်ဦး။ (ဓာတ်ပုံ-ထိုင်းသစ်တောဌာနရဲတပ်ဖွဲ့)
ထိုင်း သဘာဝတောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေနဲ့ အဖမ်းခံရတဲ့ ဒေသခံ ကရင်တိုင်းရင်းသား နှစ်ဦး။ (ဓာတ်ပုံ-ထိုင်းသစ်တောဌာနရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင် ကင်ကရကျန် သဘာဝသစ်တောကြိုးဝိုင်းဧရိယာထဲမှာ အမဲလိုက်ခဲ့တဲ့ ကရင်သားအဖ နှစ်ယောက် အဖမ်းခံရပါတယ်။ အဖမ်းခံရသူတွေဟာ ဒေသခံ ကရင်တိုင်းရင်းသားတွေ ဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်တဲ့ဥပဒေကို သူတို့ လိုက်နာရမှာဖြစ်ကြောင်း သစ်တောအာဏာပိုင်တွေက ပြောပါ တယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင် ကင်ကရကျန်သဘာဝ သစ်တောကြိုးဝိုင်းထဲမှာ နိုဝင်ဘာလ ၁၇ ရက် နေ့က ကရင် အမျိုးသား နှစ်ဦးဟာ ရှားပါးတောင်ဆိတ်တွေကို ပစ်ခတ်ခဲ့လို့ သစ်တော အရာရှိတွေ က ဖမ်းဆီးခဲ့ရာမှာ ဖျက်ထားတဲ့ တောင်ဆိတ်အသေနဲ့ တောပုန်းသေနတ်နှစ်လက်ကို ထားခဲ့ပြီး တရားခံတွေဖြစ်တဲ့ ကရင်သားအဖက ထွက်ပြေးသွားခဲ့ကြပါတယ်။

ဟက်စို့နဲ့ နတ်ပဒွန်တို့သားအဖကို တောင်ဆိတ်တွေ ပစ်ခတ်မှုနဲ့ ကန်ကကျန်သစ်တောဦးစီးဌာနရဲ့ တိုင်တန်းချက်အရ သူတို့နှစ်ဦးဖမ်းဝရမ်းထုတ်ခဲ့ပြီး သူတို့နေထိုင်နေတဲ့ ဘန့်ပုံကျေးရွာကို နိုဝင်ဘာလ ၁၇ ရက်နေ့ကတည်းက အာဏာပိုင်တွေက ရှာဖွေနေကြတာပါ။ ကျေးရွာသူကြီးနဲ့ နယ်မြေခံအာဏာပိုင်တွေရဲ့ဖိအားပေးမှုကြောင့် တရားခံနှစ်ဦးဟာ ရဲစခန်းမှာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လာရောက် အဖမ်းခံခဲ့ကြပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့က အမျိုးသားသစ်တောအရာရှိရဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရာမှာ အခုလို ထိုင်းဘာသာစကားနဲ့ ပြောသွားပါတယ်။

‘အခင်းဖြစ်ပွားတဲ့နေရာကနေ တရားခံတွေ ထွက်ပြေးသွားတော့ သက်သေခံသေနတ်တွေနဲ့ ပစ်ထားတဲ့ တောကောင်တွေ ကျန်ခဲ့တယ်၊ မျက်မြင်သက်သေတွေနဲ့ သူတို့ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်တယ်’ ဆိုပြီးည ပြောသွားခဲ့တာပါ။

သူတို့ကတော့ ဒီနေရာတဝိုက်က ကျေးရွာသားတွေ ဖြစ်တဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံရဲ့တရားဥပဒေကိုတော့ သူတို့လိုက်နာရပါမယ်၊ တောတောင်တွေထဲမှာ ရှားပါးလာနေတဲ့ တိရိစ္ဆာန်တွေကို မပစ်ခတ်ဖို့၊ တားဆီးထားတဲ့နေရာတွေကနေ တောကောင်တွေကို ပစ်ခတ်တာ၊ ဖမ်းဆီးတာ၊ ကုန်ကူးတာတွေကို လုပ်လို့မရပါဘူး၊ ရှားပါးတောတိရိစ္ဆာန်တွေဟာ တဖြည်းဖြည်းနဲ့ မျိုးတုန်းလာတဲ့အတွက် ကာကွယ်တဲ့ဥပဒေကို ထုတ်ထားတာဖြစ်လို့ သူတို့လိုက်နာရမှာဖြစ်ပါတယ်’ …ဆိုပြီး ပြောဆိုသွားတာပါ။

တရားခံနှစ်ဦးကိုတော့ ထိုင်းရဲချုပ်နဲ့ အဖွဲ့ကလာရောက် စစ်ဆေးခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲမှာ အခုလိုမျိုး ရှားပါး တောရိုင်းသတ္တဝါတွေကို မွေးမြူတာ၊ ဖမ်းဆီးရောင်းချတာ၊ ပစ်ခတ်တာတွေကို တားမြစ်ထားပြီး ၁၉၈၇ ခုနှစ် တောရိုင်းသတ္တဝါတွေကို ဘေးမဲ့ပေးထားတဲ့ အမျိုးသား သစ်တောကြိုးဝိုင်းတွေမှာ အမဲလိုက်သူတွေကို ထိရောက်တဲ့ ဥပဒေနဲ့အရေးယူဖို့ွှ သဘာဝတောတောင်တွေကို တန်ဖိုးထားတဲ့ နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘောကိုယ်တိုင် လက်မှတ်ထိုး အတည်ပြု ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

အခုလို တောင်ဆိတ်ပစ်ခတ်မှုဟာ ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ဘတ် ၅ သောင်း ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ ၂၀၁၈ ခု၊ ဖေဖော်ဝါရီလက အီတာလျှံ ထိုင်းကုမ္ပဏီက Premchai Karnasuta သန်းကြွယ်သူဌေးကြီး ပရင်ချိုင်းနဲ့ အပေါင်းအပါတွေဟာလည်း နလေစွမ် သစ်တောကြိုးဝိုင်းအတွင်းမှာ ကျားသစ်နက်နဲ့ တောဝက်တွေပစ်ခတ်မှုနဲ့ အဖမ်းခံခဲ့ကြရတဲ့အမှုမှာလည်း ကရင်တိုင်းရင်းသားတွေ ပါဝင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG