သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြိုင်ဆန္ဒပြ


ဝန်ကြီးချုပ် ယင်းလပ်နှုတ်ထွက်ပေးဖို့ မြို့တော် ဘန်ကောက်မှာ တောင်းဆိုနေကြတဲ့ အစိုးရဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြသူများ။ (နိုဝင်ဘာ ၂၄၊ ၂၀၁၃)
ဝန်ကြီးချုပ် ယင်းလပ်နှုတ်ထွက်ပေးဖို့ မြို့တော် ဘန်ကောက်မှာ တောင်းဆိုနေကြတဲ့ အစိုးရဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြသူများ။ (နိုဝင်ဘာ ၂၄၊ ၂၀၁၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လက်ရှိအစိုးရကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူ ထောင်ပေါင်းများစွာဟာ နှစ်ဘက်အပြိုင် စုဝေး ဆန္ဒပြနေကြပါတယ်။

ဒါဟာ ၂၀၁၀ ခုနှစ်က လူတွေ သေကြေတဲ့အထိ ဖြစ်ခဲ့တဲ့ ဘန်ကောက်မြို့ လမ်းမတွေပေါ်က ဆန္ဒပြပွဲတွေ နောက်ပိုင်း ဖြစ်ပွားတဲ့ အကြီးဆုံး လူထု ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ကန့်ကွက်ကြတဲ့ လူပေါင်း ၂ သိန်းကျော်ဟာ မြို့တော်တဝှမ်း နေရာအတော်များများမှာ စုဝေးပြီး မစ္စယင်းလပ် ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

တချိန်တည်းမှာပဲ လက်ရှိအစိုးရကို ထောက်ခံတဲ့ ရှပ်အင်္ကျီအနီဝတ် လူအင်အား လေး - ငါး သောင်းကလည်း စုဝေးဆန္ဒပြခဲ့ကြတာပါ။ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံရမယ့်အရေးကနေ ရှောင်ရှားဖို့ ပြည်ပကို ထွက်ပြေး တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ရဲ့ အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို နိုင်ငံထဲ ပြန်လာခွင့်ရစေမယ့် အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်း ထွက်ပေါ်လာချိန်ကစလို့ ထိုင်းနိုင်ငံတွင်းမှာ ခုလို လူထု ဆန္ဒပြပွဲတွေ သီတင်းပတ်နဲ့ချီ ဖြစ်ပွားနေခဲ့တာပါ။

ဒီ ဥပဒေမူကြမ်းအရ ဒီမိုကရက်ပါတီက ဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva ကိုလည်း ၂၀၁၀ ခုနှစ် လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားစဉ်အတွင်း ဆန္ဒပြသူတွေကို နှိမ်နင်းမိန့် ထုတ်ခဲ့တဲ့အတွက် လူသတ်မှုနဲ့ စွဲချက်တင်ခံ ထားရတာကနေ လွတ်ငြိမ်းချမ်းသာခွင့် ရစေမှာ ဖြစ်ပါတယ်။
XS
SM
MD
LG