သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်ခံရ


ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha
ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha

ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်-အိုချာဟာ ဘုရင် ဘူမိဘော-အဒ္ဒူရာဒတ်ရဲ့ထောက်ခံ အတည်ပြုမှု တရားဝင်ခန့်အပ်လွှာကို လက်ခံရယူပြီးတဲ့နောက် ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါပြီ။

ဒီအခွင့်အရေးတွေ လက်ခံရရှိမှုနဲ့အတူ ထိုင်းပြည်သူတွေကို ကျနော် ကတိပေးပါတယ်။ ပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ တိုင်းပြည်အရေးကို ရှေ့ရှုပြီး ရိုးသားစွာနဲ့ တိုင်းပြည်အတွက် ပေးဆပ်သွားပါမယ်၊ ထိုင်းနိုင်ငံ ညီညွတ်ရေး၊ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်နိုင်ဖို့အတွက် ကျနော့်ဘက်က ပြန်လည်ပေးဆပ်သွားမှာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်သစ် ပရာရွတ်၊ ချန်အိုချာက ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

ကျန်းမာရေးသိပ်မကောင်းလှတဲ့ သက်တော် (၈၆) နှစ်အရွယ် ဘုရင် ဘူမိဘောကိုတော့ ဒီနေ့အခမ်းအနားမှာ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ပရာရွတ်ဦးဆောင်တဲ့ စစ်တပ်က လူထု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အာဏာသိမ်း ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ပရာရွတ်အနေနဲ့ ရှေ့လထဲမှာ ဗိုလ်ချုပ်ကြီးရာထူးကနေ အနားယူမှာ ဖြစ်ပြီး အဲဒီအချိန်မတိုင်ခင်အထိကတော့ ဗိုလ်ချုပ်ကြီးရာထူးနဲ့အတူ ဝန်ကြီးချုပ်အဖြစ် ပူးတွဲ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG