သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအတွက် အဆင်သင့် မဖြစ်သေးကြောင်း ထိုင်းစစ်တပ်ပြော


ထိုင်းစစ်တပ်လုံခြုံရေး ထူထပ်စွာ ချထား။
ထိုင်းစစ်တပ်လုံခြုံရေး ထူထပ်စွာ ချထား။
ထိုင်းနိုင်ငံမှာ အရပ်ဘက် အုပ်ချုပ်ရေး ဘယ်တော့ ပြန်ဖြစ်လာမယ် ဆိုတာ မသိနိုင်သေးဘူးလို့ စစ်တပ်က အာဏာသိမ်းအပြီး တပါတ် အကြာမှာပဲ ပြောကြားလိုက်ပါတယ်။ စစ်တပ်က အာဏာဆက်သိမ်း မထားချင်ပေမယ့် လက်ရှိအနေအထားတွေဟာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ မသင့်တော်ဘူးလို့ ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Chatchalerm Chalermsukh ကပြောပါတယ်။

"ဒီကနေ့အထိ ဆန္ဒပြမှုတွေ ရှိနေဆဲမို့ တချို့လူတွေက ဆူပူအောင် လုပ်ချင်တုန်းပဲဆိုတာပြနေတာပါ။ ဒါ့ကြောင့် ရွေးကောက်ပွဲ ကျင်းပပေးလို့ မဖြစ်နိုင်သေးပါဘူး" လို့ ပြောသွားတာပါ။

အခု စစ်တပ် အာဏာသိမ်းတာဟာ နှစ်ပေါင်း ၈၀ အတွင်း ၁၂ ကြိမ်မြောက်ဖြစ်ပြီး ထိုင်းနိုင်ငံအတွက် လိုအပ်လို့ လုပ်ရတာလို့ လည်း ပြောပါတယ်။ ထိုင်းစစ်တပ်က ဆန္ဒမပြဘို့ တားမြစ်ခဲ့ပြီး ရာနဲ့ချီတဲ့ အစိုးရအရာရှိတွေ၊ နိုင်ငံရေးသမားတွေနဲ့ အာဏာသိမ်းမှုဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူ တွေကို ဖမ်းဆီးခဲ့တာပါ။

ဆန္ဒမပြဘူးလို့ ကတိပေးသူတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် လာရောက် အဖမ်းခံဖို့ နောက်ထပ် အများအပြားကို ဆင့်ခေါ်ခဲ့သလို တချို့ကိုတော့ တရားစွဲဆိုခဲ့ပါတယ်။

ထိုင်းစစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာ ဝေဖန်သူတွေကို ဖမ်းနေတာ ရပ်ဆိုင်းဖို့နဲ့ အရပ်သားတွေကို စစ်ခုံရုံးမှာ အမှုမစစ်ဖို့ ကြာသပတေးနေ့မှာပဲ Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
XS
SM
MD
LG