သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ထိုင်းနိုင်ငံသားတွေ စီရင်ချက် ချတော့မည်

Visiting Myanmar President Thein Sein, left, shares a light moment with Thai Prime Minister Yingluck Shinawatra during a press conference at Government House in Bangkok, Thailand, Monday, July 23, 2012. (AP Photo/Rungroj Yongrit, Pool)
Visiting Myanmar President Thein Sein, left, shares a light moment with Thai Prime Minister Yingluck Shinawatra during a press conference at Government House in Bangkok, Thailand, Monday, July 23, 2012. (AP Photo/Rungroj Yongrit, Pool)

မြန်မာနိုင်ငံထဲမှာ ဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို တရားဥပဒေနဲ့ အညီ ဖြေရှင်း ဆောင် ရွက် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန က ပြောပါ တယ်။ မြန်မာနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ဇူလိုင်လ ၄ ရက်နေ့က ဖမ်းဆီး ခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၂ ယောက်ကို လာမယ့် သောကြာနေ့မှာ စီရင်ချက် မချခင် အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ ကော့သောင်းမြို့မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၂ ယောက်ကို ကော့သောင်း တရားရုံးမှာ သောကြာနေ့ကျရင် စီရင်ချက်ချမယ်လို့ သူတို့ သတင်းရတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Thani Thongpakdi က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

သူပြောသွားတာကတော့ - အမှုကိစ္စနဲ့ပတ်သက်ပြီး အမှုမပြီးခင်မှာ ဘာမှ ပြောပိုင်ခွင့်မရှိတဲ့ ထင်မြင်ချက် တစုံတရာ မပေးလိုပေမယ့် အခု ဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၂ ယောက်ကို ဥပဒေ ကျင့်ထုံးတွေနဲ့အညီ စီရင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ သူတို့အနေနဲ့ မျှော်လင့်ကြောင်း ပြောသွားတာပါ။”

ဒီကိစ္စမှာ ကူညီ ဆောင်ရွက်ပေးဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပုန်းနဲ့ ဝန်ကြီးချုပ် ယင်းလပ် တို့ကိုယ်တိုင်က မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတ ဦးသိန်းစိန်တို့ကို သူတို့ ပြီးခဲ့တဲ့ သီးတင် ၂ ပတ်လောက်က ကမ္ဘောဒီးယားနိုင်ငံမှာ တွေ့ကြတုန်းက မေတ္တာရပ်ခံ တောင်းဆိုခဲ့တယ်လို့ Thani Thongpakdi က ပြောပါတယ်။

သူပြောသွားတာတော့ မြန်မာဘက်ကလည်း သူတို့အနေနဲ့ တတ်နိုင်သလောက် လုပ်ဆောင်ပေး မယ် ဆိုတာမျိုး ပြန်ပြောခဲ့ပါတယ်။ မြန်မာဘက်က ပြောတာကတော့ သူတို့ကို စွဲချက် ၃ ခုခွဲပြီး တင် ထားတယ်လို့ ပြန်ပြောခဲ့ပါတယ်တဲ့။ အဲဒီ အချက်တွေကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု၊ လက်နက် ကိုင်ဆောင်မှု၊ မူယစ်ဆေးဝါးနဲ့ ဆိုင်တဲ့စွဲချက်ပါလို့ ပြောသွားတာပါ။”

လောလောဆယ်မှာတော့ ဒီလူ ၉၂ ယောက်ရဲ့ အမှုကို နယ်ခြားဒေသ မြို့နယ်အဆင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မီတီ TBC က ထိုင်းအစိုးရကိုယ်စား ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ထိုင်းနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေးတွေ တိုးတက် ကောင်းမွန်လာနေတဲ့အချိန်မှာ အခုလို မြန်မာပိုင်နက်ထဲ ဝင်ရောက်လာကြတဲ့ ထိုင်းနိုင်ငံ သားတွေကို ဖမ်းဆီး ထိန်းသိမ်းမှု ဖြစ်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံထဲရောက် လာကြ တဲ့ မြန်မာနိုင်ငံ သားတွေကတော့ နေ့စဉ်လိုလို ဖမ်းဆီး ထိန်းသိမ်းခံနေကြရတာဖြစ်ပြီး လူမှောင်ခိုကူးမှုတွေကြောင့် လူတွေ အစုလိုက် အပြုံလိုက် မကြာခန သေဆုံးရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ထိပ်ပိုင်း အစိုးရအဆင့် ဆက်ဆံရေးကတော့ တဖြည်းဖြည်း တိုးတက် ကောင်းမွန်လာနေတာကြောင့် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ထိုင်းနိုင်ငံကို တရားဝင် လာရောက် လည်ပတ်တဲ့ အဆင့်ထိ ဖြစ်လာ ပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတွေကို မနေ့ကပဲ လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ လူ ၉၂ ယောက်ဟာ ထိုင်းနိုင်ငံ ရနောင်းဒေသ Kraburi ခရိုင်ဘက်ကနေ မြန်မာနိုင်ငံအတွင်းက သစ်တောတွေထဲမှာ တရားမဝင် ဝင်ရောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအာဏာပိုင်တွေက ဇူလိုင်လ ၄ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ နီးစပ်တဲ့ ထိုင်းနိုင်ငံဘက်ကလူတွေ ပြောတာကတော့ အရင် ၂၀၀၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံ သား ၃ ယောက်ကို အလားတူ ဖမ်းဆီး ထောင်ချ ခဲ့တဲ့အတိုင်း သူတို့ကိုလည်း ထောင်ဒဏ် ၆ လ ချမှတ် အပြစ်ပေးနိုင်တယ်လို့ ထင်ကြေးပေး ပြောဆိုနေကြတာပါ။

အခုချိန်မှာတော့ မြန်မာအာဏာပိုင်တွေဘက်က သူတို့အမှုကို စစ်ဆေးလို့ ပြီးစီးသွားပြီဖြစ်တဲ့ အတွက် သောကြာနေ့မှာ စီရင်ချက်ချဖြစ်မယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောတာ ဖြစ်ပါတယ်။
This item is part of
XS
SM
MD
LG