သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်ထားမဲ့ မြန်မာ ၄၀ ကျော် ထိုင်းရဲဖမ်းဆီး


ထိုင်းမြန်မာနယ်စပ်၊ တာချီလိတ်မြို့အနီးမှ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးတဲ့ နယ်စပ်ဝင်ပေါက်၊ မေ ၂၁၊ ၂၀၁၂
ထိုင်းမြန်မာနယ်စပ်၊ တာချီလိတ်မြို့အနီးမှ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးတဲ့ နယ်စပ်ဝင်ပေါက်၊ မေ ၂၁၊ ၂၀၁၂

ထိုင်းနိုင်ငံ ချုံဖွန်၊ ဆင်းဘူရီနဲ့ ချင်းမိုင်ပြည်နယ်တွေမှာ ခုရက်ပိုင်းအတွင်း အထောက်ထားမဲ့ မြန်မာ ၄၀ ကျော်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ထိုင်းနို်င်ငံချူံဖွန်ပြည်နယ်ထဲမှာ ဇွန်လ ၇ရက် ဗုဒ္ဓဟူးနေ့က အထောက်အထားမဲ့မြန်မာတွေ လိုက်ပါလာ တဲ့ကားတစီးဟာ သစ်ပင်တပင်နဲ့ဝင်တိုက်မိပြီးတဲ့နောက် ကားပေါ်ပါလာတဲ့ အထောက်အထားမပါတဲ့ မြန်မာတွေ ဖမ်းဆီးခံရကြောင်း အလုပ်သမားရေးလုှပ်ရှားသူ ဦးမိုးကြိုးကပြောပါတယ်။

"ထိုင်းနိုင်ငံတောင်ပိုင်းချုံဖွန်ပြည်နယ်ထဲမှာတရားမဝင် မြန်မာ ၂၁ ဦးသယ်ဆောင်လာတဲ့မော်တော်ယာဉ်က လမ်းဘေးကသစ်ပင်နဲ့ ဝင်တိုက်မိပါတယ်။ ထိုင်းယာဉ်မောင်းကတော့ ထွက်ပြေးသွားပြီး တရားမဝင်မြန်မာတွေကတော့ လုံခြုံရေးတပ်ဖွဲ့တွေကဖမ်းဆီးတာကိုခံရပါတယ်"

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆင်းဘူရီပြည်နယ်ထဲမှာလည်း အထောက်အထားမဲ့မြန်မာတွေ ကိုသယ်ဆောင် လာတဲ့ ကားတစီးဟာ ရထားဂိတ်တံခါးကို အရှိန်မထိန်းနိုင်ပဲဝင်တိုက်မိတာကြောင့် မြန်မာတွေဖမ်းဆီးခံ ရတယ်လို့ဆိုပါတယ်။

"ထိုင်းနိုင်ငံအလယ်ပိုင်းဆင်းဘူရီမြို့နယ်ထဲက Sing Buri Muangမြို့၊ ဘန်မိုင်ကျေးရွာအုပ်စု၊ အာရှ လမ်းမကြီးဓာတ်ဆီဆိုင်အနီးမှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ကားက ရထားဂိတ်တခါးကို ဝင်တိုက်မိပြီး ယဉ်မောင်းကော ကားပေါ်ပါလာတဲ့ မြန်မာလုပ်သား ၁၂ဦး ဖမ်းဆီး ခံရပါတယ်။ အမျိုးသား ၂ဦးနဲ့အမျိုးသမီး ၁၀ဦးပါ ထိုင်းလုံခြုံရေးအဖွဲ့စုံ နယ်ခြားစောင့်တပ်ကော ယာဉ်ထိမ်းရဲတွေကိုကောက ဖမ်းဆီးတာခံရပါတယ် "

အလားတူဇွန်လ ၅ ရက်နေ့မှာတော့ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်း နယ်မြေအတွင်း ကတရားမဝင် နိုင်ငံခြားသားတွေကို လိုက်လံဖမ်းဆီးရာမှာတော့ အထောက်အထားမဲ့ မြန်မာ၁၁ဦးကိုဖမ်းဆီးခဲ့ကြောင်း မယ်ဂျိုးရဲစခန်းက တာဝန်ရှိသူတွေကပြောပါတယ်။

သူတို့တွေဟာသဘာဝတောလမ်းတွေကနေခိုးဝင်လာကြတာဖြစ်ပြီး လူကုန်ကူးသူလူပွဲစားတွေကို ငွေကြေးပေးပြီးလာခဲ့ကြတာလို့လည်းထွက်ဆိုကြပါတယ်။ ဒီအတွက် ၃ရက်အတွင်းမှာ တရားမဝင်မြန်မာ ၄၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG