သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးဂိုဏ်းဝင်နှစ်ဦး ထိုင်းရဲ ဖမ်းဆီး


ထိုင်းလူမှောင်ခိုကုန်ကူးသူ Samruay Chatkrod (ဝဲ) ကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးမှူးတယောက်က စစ်ဆေးနေစဉ်။ (ဇူလိုင် ၁၊ ၂၀၁၅)
ထိုင်းလူမှောင်ခိုကုန်ကူးသူ Samruay Chatkrod (ဝဲ) ကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးမှူးတယောက်က စစ်ဆေးနေစဉ်။ (ဇူလိုင် ၁၊ ၂၀၁၅)

ငါးဖမ်းသင်္ဘောသားတွေ ရှာဖွေစုဆောင်းပေးနေတဲ့ လူမှောင်ခိုကူးဂိုဏ်းဝင် အဓိကလူတွေလို့ဆိုတဲ့ လူနှစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ပဲ ဖမ်းဆီးလိုက်ပါတယ်။

အသက် ၅၃ နှစ်အရွယ် Samruay Chatkrod နဲ့ အသက် ၅ဝ အရွယ် Chayuthphong Charoenporn တို့ဟာ ရထားဘူတာရုံတွေ၊ ဘတ်စ်ကားဂိတ်တွေ ဒါမှမဟုတ် အများပြည်သူ သွားလာရာ နေရာတွေမှာ အလုပ်သမားအဖြစ် ခိုင်းလို့ရမယ့်လူတွေကို ရှာဖွေဖို့အတွက် ကြားလူတွေကို ခိုင်းခဲ့တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ရလာတဲ့ အလုပ်သမားတယောက်ကို ထိုင်းဘတ်ငွေ ၃ သောင်း နဲ့ ငါးဖမ်းလှေပိုင်ရှင်တွေကို ရောင်းချခဲ့ပြီးနောက် အလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံ Ambon ကျွန်းနားက ငါးဖမ်းလှေတွေမှာ အလုပ်လုပ်ဖို့ ပို့ဆောင်ခံကြရတယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးဟာ လူမှောင်ခိုကူးမှု ကျူးလွန်ကြောင်း ဝန်ခံထားပြီး သူတို့ဂိုဏ်းဟာ ၂ဝဝ၈ ခုနှစ်ကတည်းက တနှစ်ကို လူ ၆ဝ လောက်အထိ မှောင်ခိုကူးခဲ့ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ ထိုင်းနိုင်ငံက အကြီးဆုံး ငါးဖမ်းလုပ်ငန်းတွေရှိရာ Samut Sakorn မှာ နောက်ထပ် သံသယရှိသူ ၄ ဦးကို ဆက်လက် ရှာဖွေနေတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အာရှဒေသက ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်သမားတွေကို အနိုင်ကျင့် ခိုင်းစေနေတာနဲ့ ပတ်သက်လို့ မကြာသေးခင်ကပဲ AP သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့တာပါ။ မြန်မာနိုင်ငံသားတွေ အပါအဝင် ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ငါးဖမ်းလှေတွေမှာ အလုပ်လုပ်ဖို လှည့်ဖျားခေါ်ယူပြီး ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ကိုယ့်သဘောဆန္ဒမပါပဲ အတင်းအကျပ် ခိုင်းစေတာခံခဲ့ရတယ်လို့လည်း စုံစမ်းဖော်ထုတ် ရေးသားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG