သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆန္ဒပြပွဲမြင်ကွင်း။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၉)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆန္ဒပြပွဲမြင်ကွင်း။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၉)

(Zawgyi / Unicode)

ထိုင်းနိုင်ငံ စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် Prayuth Chan-ocha အစိုးရကို အပြင်းအထန်ဝေဖန်တဲ့ Future Forward ပါတီကို ဖျက်သိမ်းဖို့ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပြီးတဲ့နောက် ဘန်ကောက်မြို့တော်မှာ စနေနေ့က လူ ထောင်ပေါင်းများစွာ ဆန္ဒပြကြပါတယ်။

Future Forward ပါတီခေါင်းဆောင် Thanathorn Juangroongruangkit က သောကြာနေ့မှာ နှိုးဆော်ထားတဲ့အတိုင်းလုပ်တဲ့ ဆန္ဒပြပွဲဟာ ၂၀၁၄ ခုနှစ်မှာ အဲဒီအချိန်က ဗိုလ်ချုပ်ကြီး Prayuth အာဏာသိမ်းခဲ့ချိန်ကတည်းကဆိုရင် အကြီးဆုံး ဆန္ဒပြပွဲပါ။

အသက် ၄၁ နှစ်အရွယ် ကုဋေကြွယ်သူဌေး Thanathorn ဟာ မတ်လမှာ ရွေးကောက်ပွဲ ပြီးချိန်ကတည်းကဆိုရင် ဝန်ကြီးချုပ် Prayuth အစိုးရကို အပြင်းအထန် ဝေဖန်သူတဦး ဖြစ်လာပါတယ်။ ရွေးကောက်ပွဲမှာ စစ်ဘက် အသာစီးရအောင် မရိုးမဖြောင့် လုပ်ဆောင်ခဲ့တယ်လို့ အတိုက်အခံတွေက ဝေဖန်ထားပါတယ်။

Future Forward ပါတီဟာ Thanthorn ဆီကနေ ချေးငွေ ဒေါ်လာသန်းပေါင်းများစွာကို ရယူပြီး ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီးတော့ ပါတီကို ဖျက်သိမ်းပေးဖို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က အခြေခံဥပဒေဆိုင်ရာခုံရုံးမှာ လျှောက်ထားခဲ့တာပါ။

Thanthorn ဟာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်တဲ့နေ့အထိ သတင်းမီဒီယာကုမ္ပဏီ တခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားလို့ ဆိုပြီး ပြီးခဲ့တဲ့လကပဲ အခြေခံဥပဒေခုံရုံးက သူ့ကို လွှတ်တော်အမတ်အဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။

အခုဆန္ဒပြပွဲဟာ အစပဲရှိသေးတယ်လို့ Thanathorn က ထောက်ခံသူတွေကို စနေနေ့မှာ ပြောပါတယ်။ ဆန္ဒပြသူ ၁၀,၀၀၀ ကျော်ရှိတယ်လို့ Future Forward ပါတီ ပြောခွင့်ရတဦးက ပြောပါတယ်။

--------------------------------

(Unicode)

ဘနျကောကျမှာ အစိုးရဆန့ျကငြျရေး ဆန်ဒပွ






အခုဆန်ဒပွပှဲဟာ အစပဲရှိသေးတယျလို့ Thanathorn က ထောကျခံသူတှကေို စနနေေ့မှာ ပွောပါတယျ။ ဆန်ဒပွသူ ၁၀,၀၀၀ ကြောျရှိတယျလို့ Future Forward ပါတီ ပွောခှင့ျရတဦးက ပွောပါတယျ။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG