သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအိမ်ရှေ့မင်းသား မယ်တော်မွေးနေ့ စက်ဘီးစီးပွဲကျင်းပ


ထိုင်းအိမ်ရှေ့မင်းသားဟာ ဒီကနေ့မှာ ထောင်နဲ့ချီတဲ့ စက်ဘီးစီးသူတွေကို ဦးဆောင်ပြီး ဘန်ကောက်မြို့တော်က လမ်းတွေပေါ်မှာ စက်ဘီးစီးခဲ့ပါတယ်။ သူ့ရဲ့မယ်တော်ဖြစ်တဲ့ သီရိခေတ် အသက် ၈၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် လူမြင်ကွင်းမှာ ရှားရှားပါးပါး အခုလို ထွက်ပေါ်လာတာပါ။

အသက် ၆၃ နှစ်အရွယ် အိမ်ရှေ့မင်းသား Maha Vajiralongkorn ဟာ မြို့တော်ရဲ့သမိုင်းဝင် နေရာမှာ မိခင်အတွက် စက်ဘီးစီးခြင်းလို့ အမည်ပေးထားတဲ့ ဒီစက်ဘီးစီး အထိမ်းအမှတ်ပွဲကို ဦးဆောင်ခဲ့ပါတယ်။ သူနဲ့အတူ ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချနဲ့ တခြား အာဏာသိမ်း အစိုးရအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

လူမြင်ကွင်းကို သိပ်ထွက်လေ့မရှိတဲ့ အိမ်ရှေ့မင်းသားဟာ သူ့အပေါ် လူထု အမြင်ကောင်းလာစေဖို့ ကြိုးစားတဲ့အနေနဲ့ အခုလို စက်ဘီးစီးခဲ့တာလို့ ဝေဖန်သူတွေက ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ အနာဂတ်အရေး၊ ထိုင်းဘုရင့်အရိုက်အရာ ဆက်ခံမှုနဲ့ ပတ်သတ်လို့ စိုးရိမ်မှုတွေ ကြီးကြီးမားမား ရှိနေချိန်မှာ အခုလို မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပတာလည်း ဖြစ်ပါတယ်။

အသက် ၈၇ နှစ်အရွယ် ဘုရင် Bhumibol Adulydej နဲ့ သူ့မိဖုရားဟာ ကျန်းမာရေး ယိုယွင်းလာနေပြီး လူထုနဲ့ ထိတွေ့နိုင်ခြင်းမရှိတာ နှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်အတွင်းတုန်းကတော့ သွေးမြေမကျဘဲ ရွေးကောက်ခံ အစိုးရစီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG