သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပေါက်ကွဲမှု သံသယရှိသူကို ဝရမ်းထုတ်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာရှိတဲ့ ဧရာဝဏ် လေးမျက်နှာ နတ်ဘုရားရုပ်တုနေရာက လူ ၂၂ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီး သံသယရှိသူ နိုင်ငံခြားသား တယောက်ကို ဖမ်းဆီးဖို့ ထိုင်းအာဏာပိုင်တွေက ဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။ ဗုံးခွဲသူလို့ သံသယရှိသူဟာ အခုတိုက်ခိုက်မှုကို တယောက်တည်း လုပ်တာမဟုတ်ဘဲ ကွန်ယက် အချိတ်အဆက်တွေနဲ့ လုပ်ခဲ့ပုံရတယ်လို့ ထိုင်းရဲချုပ် Somyot Poompanmoung က ဒီကနေ့ ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေ ထုတ်ပြန်လိုက်တဲ့ပုံမှာ အနက်ရောင် ဆံပင်စုတ်ဖွား၊ မုတ်ဆိတ်ကျင်စွယ်ရှိပြီး ပလတ်စတစ်ကိုင်းနဲ့ မျက်မှန်အဝိုင်းကို တပ်ထားတဲ့ လူငယ်တဦးပုံကို တွေ့ရပါတယ်။ အဲဒီသူကို ဖမ်းမိအောင် သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ ၂၈၀၀၀ ချီးမြှင့်မယ်လို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။

အဲဒီဗုံးခွဲတိုက်ခိုက်သူအနေနဲ့ လုံခြုံဘေးကင်းစွာ နေထိုင်လိုတယ်ဆိုလျှင် သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ လာရောက်အဖမ်းခံဖို့ သူ့အနေနဲ့ ပြောဆိုလိုပြီး အဲဒီလိုလုပ်မယ်ဆိုလျှင် အာဏာပိုင်တွေအနေနဲ့ ကာကွယ်စောင့်ရှောက်ပေးမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ က ဒီကနေ့မှာ ပြောပါတယ်။

အဝါရောင် ရှပ်အင်္ကျီဝတ်ထားပြီး ဆံပင်စုတ်ဖွားနဲ့ ခပ်သွယ်သွယ် လူငယ်တယောက်ဟာ ခုံတန်းတခုအောက်မှာ ကျောပိုးအိတ် တလုံးကို ချသွားပြီးတော့ ဗုံးမပေါက်ခင်လေးမှာတင် အခင်းဖြစ်တဲ့ နေရာကနေ အေးအေးဆေးဆေး ထွက်သွားတာကို လုံခြုံရေး ကင်မရာတွေကနေ မသဲမကွဲ ရိုက်ယူထားတဲ့ ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။

လူအသွားအလာများတဲ့ ဧရာဝဏ် လေးမျက်နှာ နတ်ဘုရားရုပ်တုနေရာမှာ ဒီကနေ့

သံဃာတော်တွေ ဦးဆောင်ပြီးတော့ ဆုတောင်းဝတ်ပြုပွဲတွေ လုပ်ကြသလို ဒေသခံတွေကလည်း ပန်းစည်းတွေနဲ့ တခြားဆုတောင်း ပစ္စည်းတွေကို ချခဲ့ကြပါတယ်။

XS
SM
MD
LG