သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း ဗုံးကွဲ စစ်သား ၂ ဦးသေ


ထိုင်းတောင်ပိုင်း ဗုံးကွဲ စစ်သား ၂ ဦးသေ

ထိုင်းနိုင်ငံတောင်ပိုင်း ယာလာ (Yala) နယ်မှာ ဗုံးပေါက်ကွဲမှု ၂ ခုဖြစ်ပွားခဲ့လို့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးသေဆုံးပြီး တခြား ၉ ဦး ဒဏ်ရာတွေ ရသွားကြပါတယ်။ ပထမဗုံးက ရာမန် (Ramen) ခရိုင်မှာ မနက်ပိုင်းလောက်က လမ်းဘေးထောင်ဗုံး ကွဲတာဖြစ်ပြီး pick-up ကားနဲ့ ကင်းလှည့်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦး ဒဏ်ရာ ရသွားပါတယ်။

ဒုတိယ ဗုံးကတော့ ပထမဗုံးပေါက်တဲ့နေရာနဲ့ မိုင်ဝက်ကျော် အဝေးမှာ ပေါက်ကွဲတာ ဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦး သေဆုံးပြီး တခြား ၅ ဦး ဒဏ်ရာ ရသွားကြပါတယ်။

တောင်ပိုင်းပြည်နယ်တွေအတွက် မဟာဗျူဟာ ချမှတ်ရေးဆွဲဖို့ ၀န်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ (Abihisit Vejjajiva) အဲဒီဒေသက နာရာသီဝဒ် (Narathiwat) ခရိုင်ကိုသွားဖို့ စီစဉ်ထားတဲ့ အချိန်မှာပဲ ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG