သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဗုံးကွဲမှု တရုတ်ဝီဂါအဖွဲ့အစည်းနဲ့ ဆက်နွယ်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် လေးမျက်နှာ နတ်ကွန်းမှာ ပြီးခဲ့တဲ့လက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ (သြဂုတ်လ ၁၈ ရက် ၂၀၁၅)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် လေးမျက်နှာ နတ်ကွန်းမှာ ပြီးခဲ့တဲ့လက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ (သြဂုတ်လ ၁၈ ရက် ၂၀၁၅)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် လေးမျက်နှာ နတ်ကွန်းမှာ ပြီးခဲ့တဲ့လက ဖြစ်ပွားတဲ့ ပေါက်ကွဲမှုဟာ တရုတ်နိုင်ငံက Uighur (ဝီဂါ) လူနည်းစု တိုင်းရင်းသားတွေနဲ့ ဆက်စပ်နေတယ်လို့ ထိုင်းရဲက ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံကဆင့် Uighur တွေကို တခြားနိုင်ငံတွေကို ခိုးထုတ်တဲ့ လူမှောင်ခိုသမားတွေက ကလဲ့စားချေတဲ့အနေနဲ့ တိုက်ခိုက်တာလို့ ယူဆကြောင်း ထိုင်းစုံစမ်းစစ်ဆေးသူတွေက ဒီကနေ့ အင်္ဂါနေ့မှာပဲ ပြောသွားပါတယ်။ Uighur တွေကို တခြားနိုင်ငံတွေကို ခိုးထုတ်နေတဲ့ လူမှောင်ခိုဂိုဏ်းကို ထိုင်းအာဏာပိုင်တွေက နှိမ်နင်းလို့ ဒါကို လက်တုံ့ပြန်ပြီး ဗုံးဖောက်တာလို့ ရဲချုပ် Somyot Poompanmoung က ပြောတာပါ။

ဒီတိုက်ခိုက်မှုမဖြစ်ခင် တလကတော့ Turkic စကားပြော Uighur တွေကို ထိုင်းက တရုတ်နိုင်ငံကို အဓမ္မ ပြန်ပို့ခဲ့တာပါ။ Uighur တွေက သူတို့ကို တရုတ်အစိုးရက နှိပ်ကွက်မှုတွေ လုပ်တယ်လို့ ပြောနေ တာဖြစ်ပြီး ထိုင်းနိုင်ငံက အဲဒီလို ပြန်ပို့တာကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပြည်ပရောက် Uighur အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။

တရုတ်ခရီးသွား အများစု အပါအဝင် လူ ၂၀ မက သေဆုံးပြီး တခြား တော်တော်များများလည်း ဒဏ်ရာရသွားကြတဲ့ - သြဂုတ်လ ၁၇ ရက်နေ့ လေးမျက်နှာ နတ်ကွန်းတိုက်ခိုက်မှုဟာ မူဆလင်အများစုဖြစ်တဲ့ Uighur အဖွဲ့နဲ့ ဆက်စပ်နေတယ်လို့ ထိုင်းအရာရှိတွေ အရင်ကတည်းက ရိပ်ဖမ်းသံဖမ်း ပြောနေခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG