သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် မစ္စယင်းလပ် မြန်မာနိုင်ငံ သွားမည်


ထိုင်းဝန်ကြီးချုပ် မစ္စယင်းလပ် မြန်မာနိုင်ငံ သွားမည်
ထိုင်းဝန်ကြီးချုပ် မစ္စယင်းလပ် မြန်မာနိုင်ငံ သွားမည်

ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ်ရှီနဝဒ် ဟာ လာမယ့်အောက်တိုဘာလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ အကျိုးတူကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Torwijakchaikul က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

(၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပရာ နယူးယောက်မြို့မှာ မစ္စတာ Torwijakchaikul က ပြောကြားလိုက်တာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်သစ်အနေနဲ့ အာဆီယံနိုင်ငံတွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း အိမ်နီးချင်းနိုင်ငံတွေကို သွားရောက် မိတ်ဆက် နုတ်ဆက်တာ ဖြစ်တဲ့အတိုင်း ဝန်ကြီးချုပ် မစ္စ ယင်လပ် ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နဲ့ လာအိုနိုင်ငံတို့ကို သွားရောက်ခဲ့ပြီးပါပြီ။ လာမယ့် အောက်တိုဘာ ၃ ရက်နေ့မှာတော့ မစ္စ ယင်းလပ်ဟာ မလေးရှားနိုင်ငံကို သွားရောက်မှာပါ။

ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွက် မြန်မာအစိုးရရဲ့ အတည်ပြု ပြန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ သဘာပတိနေရာ ရယူရေးကို ထိုင်းနိုင်ငံက ထောက်ခံထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG