သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ-မဲဆောက်တံတား ပြန်ဖွင့်


မြဝတီ-မဲဆောက်တံတား ပြန်ဖွင့်
မြဝတီ-မဲဆောက်တံတား ပြန်ဖွင့်

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား ဆက်သွယ်ထားတဲ့ မဲဆောက်တံတားကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။ ဒီတံတားကို ပိတ်ထားခဲ့တာက တစ်နှစ်ကျော်ကြာသွားခဲ့ပြီ ဖြစ်ပါတယ်။

မဲဆောက်တံတား ပိတ်ထားချိန်အတွင်း မြန်မာနိုင်ငံကို နယ်စပ်ကနေ ကုန်တင်ပို့ရာမှာ တချို့ကုန်တွေဟာ ရနောင်းကတဆင့် သွားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ရနောင်းမြို့ ရဲ့ စီးပွားရေးဟာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးကနေ ဘတ် သန်းပေါင်း ၂ သောင်း အကျိုးဖြစ်ထွန်းခဲ့တယ်လို့ ရနောင်း ကုန်သည်များအသင်း ဥက္ကဋ္ဌ Naruemol Khoraphum က ဘန်ကောက်ပို့စ် သတင်းစာကြီးကို ပြောပါတယ်။

ခုလို မဲဆောက်တံတား ပြန်ဖွင့်မှာဖြစ်တဲ့အတွက် မဲဆောက်ကုန်သည်တွေက ဝမ်းသာနေကြကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ ရနောင်းမြို့ က ထိုင်းကုန်သည်တွေကတော့ သူတို့ လုပ်ငန်းတွေ ကျသွားမှာကို စိုးရိမ်နေကြတာပါ။

XS
SM
MD
LG