သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရုပ်အလောင်းတွေ ထိုင်းတောင်ပိုင်းမှာတွေ့


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လာတယ်လို့ ယူဆရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀ ကျော်ရဲ့ရုပ်အလောင်းကို ထိုင်းအာဏာပိုင်တွေ တွေ့ရှိ
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လာတယ်လို့ ယူဆရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀ ကျော်ရဲ့ရုပ်အလောင်းကို ထိုင်းအာဏာပိုင်တွေ တွေ့ရှိ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လာတယ်လို့ ယူဆရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀ကျော်ရဲ့ရုပ်အလောင်းကို ထိုင်းနိုင်ငံတောင်ပိုင်း လူကုန်ကူး လေ့ရှိတဲ့ လမ်းကြောင်းပေါ်မှာ သောကြာနေ့က ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အလောင်း ရှာတွေ့တဲ့နေရာဟာ မလေးရှားနယ်စပ်နဲ့နီးတဲ့ ထိုင်းနိုင်ငံ Songkhla ဆုန်ခလာခရိုင် Sadao ဆာဒါအို ဒေသမှာဖြစ်ပြီး လှေစီးဒုက္ခသည် တွေကို လူကုန်ကူးသူတွေက ယာယီ ထိန်းသိမ်းထားလေ့ရှိတဲ့ နေရာလဲ ဖြစ်ပါတယ်။

မြှုပ်နှံထားတဲ့ ၃၂ လောင်းထဲက ၄လောင်းကို ခွဲစိတ် စစ်ဆေးဖို့ ဆေးရုံကိုပို့ထားတယ်လို့ ထိုင်းကယ်ဆယ်ရေး လုပ်သားဖြစ်သူ Thamsuwan က သတင်းဌာနတွေကို ပြောပါတယ်။

ရုပ်အလောင်း အားလုံးနီးပါးပုတ်နေပြီး အဲဒီထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသားတဦး အသက်ရှင်လျှက် ပြန်တွေ့ရတာကြောင့် ဆေးရုံကိုပို့ပြီး ကုသမှု ခံယူခဲ့ပါတယ်။ အခုတော့ အဲဒီလူ အခြေနေကောင်းတယ်လို့ ဆေးရုံကပြော ပါတယ်။ အခုတော့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ထိုင်းစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေက အဲဒီနေရာကို လုံခြုံရေးအတွက် တားမြစ်ထားပါတယ်။

မြန်မာနိုင်ငံက ထောင်ချီတဲ့ ရိုဟင်ဂျာမူဆလင် ရွှေ့ပြောင်းသူတွေနဲ့ ဘင်္ဂလားဒေ့ချ် နိုင်ငံသားတွေကလည်း အခုနောက်ပိုင်း အန္တရာယ်များတဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း လူကုန်ကူးလမ်းကြောင်းကတဆင့် မလေးရှားနိုင်ငံကို ဆက်သွားနေကြတာပါ။ အဲဒီကမှတဆင့် ကမ္ဘာအရပ်ရပ်ကို ဆက်ပြီး ရွှေ့ပြောင်းသွားကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG