သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက်မြန်မာလုပ်သားမှတ်ပုံတင်ရေး ဝိုင်းဝန်းကူညီဖို့ ဒုဝန်ကြီးပန်ကြား


သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်လာနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ (မတ်လ ၂၁ ရက်၊ ၂၀၁၂)။
သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်လာနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ (မတ်လ ၂၁ ရက်၊ ၂၀၁၂)။
ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မှတ်ပုံတင်ရက် ကုန်ဆုံးဖို့ နီးကပ်လာတာမို့ ရွှေ့ပြောင်းလုပ်သားမှတ်ပုံတင်ရေး လုပ်ငန်းကို ဝိုင်းဝန်းကူညီဖို့ မြန်မာ တာဝန်ရှိသူတွေက ပန်ကြားလိုက်သလို၊ ဒီလုပ်ငန်းစဉ်အဆင့်ဆင့်ကို စောင့်ကြည့်ကြီးကြပ်ပေးဖို့နဲ့ အလုပ်သမားတွေရဲ့ ကုန်ကျစရိတ် လျှော့ချနိုင်ရေး အဖြေရှာဖို့အတွက ်ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ အထောက်အထား စာရွက်စာတမ်း မရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ယာယီနိုင်ငံကူး လက်မှတ် အချိန်မီ ထုတ်ယူနိုင်ဖို့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြတဲ့ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်သိန်းက ခုလို တိုက်တွန်းသွားတာပါ။

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို နိုင်ငံသား စိစစ်ပြီး ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးဖို့ ထိုင်းနိုင်ငံတလွှား ဌာနပေါင်း ၁၁ ခု ဖွင့်လှစ်ပေးမှာ ဖြစ်ပြီး အဲဒီဌာနတွေ အဆင်သင့် ဖြစ်မဖြစ် လာရောက် စစ်ဆေးတာ ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောပါတယ်။

ထိုင်းအစိုးရနဲ့ ထိုင်းလုပ်ငန်းရှင်တွေ ဘက်က လုပ်ဆောင်ချက်တွေအတွက် အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာတွေ အပါအဝင် အားလုံးက ဝိုင်းဝန်း ကူညီကြဖို့ကိုလည်း အလုပ်သမားရေး တာဝန်ခံက ပြောပါတယ်။ ထိုင်းမြန်မာ နှစ်နိုင်ငံ အစိုးရတွေကြား ရေးထိုးထားတဲ့ MOU စနစ်နဲ့ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်နေတဲ့ မြန်မာ လုပ်သားတွေ အနေနဲ့ မူရင်း သဘောတူထားတဲ့ အလုပ်ကို မလုပ်ရဘဲ တခြား ပိုပင်ပန်း ဆိုးရွားတဲ့ အလုပ်တွေကို ခိုင်းစေခံရရင် အလုပ်သမားတွေ ကိုယ်တိုင်က ဖြစ်စေ၊ အလုပ်သမား အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကနေ တဆင့် ဖြစ်စေ နေပြည်တော်က အလုပ်သမားရုံးကိုရော၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား တာဝန်ခံ ဆီကိုပါ တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း အသိပေးပြောဆိုပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁.၂ သန်းကို ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးခဲဲ့ပြီးဖြစ်ပေမဲ့ ခလေးငယ်တွေ အပါအဝင် နောက်ထပ် မြန်မာလုပ်သား ၁ သန်းလောက် ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ ကျန်နေသေးတာပါ။

သက်ဆိုင်ရာခရိုင် အလုပ်သမား ရေးဆိုင်ရာ တာဝန်ရှိသူတွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ ခလေးတွေနဲ့ မှီခိုသူတွေအပါအဝင် အချက်အလက် ပြည့်ပြည့်စုံစုံ ကောက်ယူဖို့ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေဘက်က စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာကလေးငယ်တွေ ဗီဇာ မလိုဘဲ ခရီးသွားခွင့်နဲ့ နိုင်ငံကူးလက်မှတ်ရရေး ကိစ္စတွေနဲ့ပတ်သက်လို့ ထိုင်းနဲ့ မြန်မာ တာဝန်ရှိသူတွေကြား ညှိုနှိုင်းဆွေးနွေးမှုတွေလည်း ဆက်လက်လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG