သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးအဖွဲ့သစ် ဝန်ကြီးချုပ် မိတ်ဆက်

ထိုင်းဝန်ကြီးအဖွဲ့သစ် ဝန်ကြီးချုပ် မိတ်ဆက်
ထိုင်းဝန်ကြီးအဖွဲ့သစ် ဝန်ကြီးချုပ် မိတ်ဆက်

ထိုင်းဘုရင်ထံက ခွင့်ပြုချက်ရပြီ ဖြစ်တာကြောင့် ဝန်ကြီးချုပ်သစ် ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) က အစိုးရ ဝန်ကြီးအဖွဲ့သစ် အမည်စာရင်းကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစဉ်က ငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေ လုပ်ဆောင်ကြဖို့ တောင်းဆိုပြီး နောက်တနေ့ အင်္ဂါနေ့ နှောင်းပိုင်းမှာ ဝန်ကြီးချုပ်သစ် ယင်လပ်က ၃၅ ဦးပါ အစိုးရ ဝန်ကြီးအဖွဲ့ အမည်စာရင်းကို ထုတ်ပြန် ကြေညာလိုက်တာပါ။ သူမ အာဏာရဖို့အတွက် ကူညီလုပ်ဆောင်ပေးခဲ့ကြတဲ့ အင်္ကျီနီဝတ် လှုပ်ရှားမှုအဖွဲ့ကသူတွေ ဝန်ကြီးအဖွဲ့ထဲမှာ တယောက်မှ ပါမလာဘဲ အပြင်လူ ၄ ယောက် ပါလာတာကို တွေ့ရပါတယ်။

ထိုင်းဘဏ် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သီရာချိုင်း ပူဝါနတ်နာရန်နူဘာလာ (Thirachai Phuvanatnaranubala) ကို ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး ထိုင်းအစုရှယ်ယာဈေးရဲ့ အကြီးအကဲဟောင်း ကစ်တာရတ် နာရာနူးန် (Kittarat Na Ranong) ကိုတော့ ကုန်သွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး နေရာကိုတော့ ဖွေထိုင်းပါတီက လွှတ်တော်အမတ် ဆူရာပွန်း တိုဝီဂျာချိုင်ကူး (Surapon Tovijakchaikul) ကို ခန့်အပ်လိုက်ပြီး ကာကွယ်ရေးဝန်ကြီး နေရာကိုတော့ ယင်လပ်ရဲ့အကို တပ်ခ်ဆင် ရှင်နာဝပ်ရဲ့ မိတ်ဆွေ ဗိုလ်ချုပ်ကြီး ယူသာဆတ်ခ် ဆာဆီပရာပါ (Yuthasak Sasiprapah) ကို ခန့်အပ်လိုက်ပါတယ်။

ဇူလိုင်လ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ယင်လပ် ဦးဆောင်တဲ့ ဖွေထိုင်းပါတီက အပြတ်အသတ် အနိုင်ရလိုက်ပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ပြီးခဲ့တဲ့ သောကြာနေ့မှာ တရားဝင် ခန့်အပ်လိုက်ပါတယ်။

This item is part of
XS
SM
MD
LG