သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ဆင် ကမ္ဘောဒီးယားခေါင်းဆောင်နဲ့ တွေ့ဆုံ


ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ဆင် ကမ္ဘောဒီးယားခေါင်းဆောင်နဲ့ တွေ့ဆုံ
ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ဆင် ကမ္ဘောဒီးယားခေါင်းဆောင်နဲ့ တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းဟာ အိမ်နီးချင်း ကမ္ဘောဒီးယားက ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးတော့ အဆင့်မြင့်ဆွေးနွေးပွဲအတွက် ကမ္ဘောဒီးယားနိုင်ငံမှာ စနေနေ့ညက ရောက်ရှိနေပါတယ်။ ဖနွမ်းပင်မြို့က စည်းဝေးပွဲတွင်းမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ဆင်ရှီနဝဒ်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ကို လူမြင်ကွင်းမှာ ပွေ့ဖက်နုတ်ဆက်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ကုန်သွယ်ရေး၊ ထိုင်းနဲ့ကမ္ဘောဒီးယားအကြား ဖြစ်ပွားနေတဲ့ နယ်စပ်အရေး ပဋိပက္ခနဲ့ ထိုင်းအကျဉ်းသားနှစ်ဦး ပြန်လွှတ်ပေးရေး ကိစ္စရပ်အပါအဝင် ကိစ္စရပ်မျိုးစုံအတွက် ဆွေးနွေးကြမယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။

မစ္စတာ သပ်ဆင်ဟာ သူ့ရဲ့ညီမဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်းလက်ရှီနဝဒ် ဖနွမ်းပင်မြို့တော်ဆီ အဆင့်မြင့်ဆွေးနွေးပွဲ အတွက် သွားရောက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ကမ္ဘောဒီးယားကို ရောက်သွားတာပါ။

ထိုင်းနဲ့ ကမ္ဘောဒီးယာအကြား နှစ်နိုင်ငံဆက်ဆံရေးဟာ တခါတရံမှာ အဖုအထစ်လေးတွေ ရှိတတ်ပါတယ်။ ဒီနှစ်အစောပိုင်းက နယ်စပ် နယ်မြေလုတဲ့ပြဿနာကနေ လူပေါင်း ၂၈ ဦးသေဆုံးပြီး ဒေသခံထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံကြား တင်းမာမှုက မြင့်မားလာတာပါ။

မစ္စတာ သပ်ဆင် အခုလို ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မှုကြောင့် ထိုင်းနိုင်ငံတွင်းမှာ အငြင်းပွားစရာတချို့ ထွက်ပေါ်ခဲ့ပါတယ်။ သူဟာ အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုတဲ့ သူ့ရဲ့ အတိုက်အခံတွေ နိုင်ငံကိုအုပ်ချုပ်တုန်း သူ့ကို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ သူ့ကို တရားဥပဒေအတိုင်း အရေးယူဖို့အတွက် လက်ရှိအစိုးရမှာ တာဝန်ရှိတယ်လို့ အခုလက်ရှိ အတိုက်အခံ ဖြစ်သွားပြီဖြစ်တဲ့ နိုင်ငံရေးသမားတွေက ပြောကြပါတယ်။

XS
SM
MD
LG