သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားနိုင်ငံ သံချပ်ကာကား အစီး ၁၀၀ နီးပါး ၀ယ်ယူဖို့ စီစဉ်


ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်တင်းမာမှုတွေ ဖြစ်နေချိန် သူ့ရဲ့ စစ်အင်အားကို စွမ်းရည်မြှင့်တင်တဲ့ အနေနဲ့ ကမ္ဘောဒီးယားက သံချပ်ကာကား အစီး ၁၀၀ နီးပါးကို ၀ယ်ယူဖို့ အစီအစဉ် လုပ်နေပါတယ်။

တင့်ကားအသစ် အစီး ၅၀ နဲ့ စစ်သည်တင် သံချပ်ကာကား ၄၄ စီးဟာ ကမ္ဘောဒီးယားကို လာမယ့်ရက် သီတင်းပတ်အတွင်း ရောက်လာဖို့ ရှိတယ်လို့ အစိုးရ ထောက်ခံတဲ့ ကမ္ဘောဒီးယား သတင်းစာတစောင်က ဖော်ပြပါတယ်။

ကမ္ဘောဒီးယားအနေနဲ့ အခုလို သံချပ်ကာကားတွေ ၀ယ်ယူထားတယ် ဆိုတာကို ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ကွိုင် ကွမ်း (Koy Kuong) က အတည်ပြု ပြောပါတယ်။

ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်မှာရှိတဲ့ သမိုင်းဝင် ဟိန္ဒူဘုရားကျောင်း တခုအနီး သူပိုင် ငါပိုင် နှစ်နိုင်ငံ အငြင်းပွားနေတာ အတန်ကြာနေပါပြီ။

ပြီးခဲ့တဲ့လက ဘရာဇီးနိုင်ငံ UNESCO ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ကော်မရှင်က ဆွေးနွေးပွဲကို ကမ္ဘောဒီးယား အနေနဲ့ ပရ၀ိဟာရ ဘုရားကျောင်း စီမံမှု အစီအစဉ်တရပ် တင်ပြခဲ့ပြီးကတည်းက နှစ်နိုင်ငံ ပြန်ပြီး တင်းမာမှုတွေ ရှိလာပါတယ်။

နယ်စပ်တလျှောက်မှာတော့ နှစ်ဘက်တပ်တွေ ထောင်နဲ့ချီ ချထားပါတယ်။ အဲဒီမှာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတချို့ ရှိခဲ့တာကြောင့်၂၀၀၈ ခုနှစ်ကတည်းကဆိုရင် အနည်းဆုံး စစ်သား ၈ ဦး သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG