သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားနဲ့ ထိုင်း နယ်စပ်ကိစ္စ ဆွေးနွေးမည်

ကမ္ဘောဒီးယားနဲ့ ထိုင်း နယ်စပ်ကိစ္စ ဆွေးနွေးမည်
ကမ္ဘောဒီးယားနဲ့ ထိုင်း နယ်စပ်ကိစ္စ ဆွေးနွေးမည်

အချေအတင် ဖြစ်နေရတဲ့ ၂ နိုင်ငံ နယ်စပ်က သမိုင်းဝင် ဟိန္ဒူဘုရားကျောင်း ပိုင်ဆိုင်မှု ပြဿနာ ဖြေရှင်းရေး တတိယအကြိမ် တွေ့ဆုံသွားဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) နဲ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) တို့ သဘောတူခဲ့ကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ ၁၇ ကြိမ်မြောက် အစည်းအဝေးပွဲ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒီလနှောင်းပိုင်း ကျင်းပချိန်မှာ ၂ ဘက် ခေါင်းဆောင်တွေ သီးခြားတွေ့ဆုံပြီး နယ်ခြားဒေသ ပိုင်ဆိုင်မှု သတ်မှတ်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးသွားကြမှာပါ။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က အာရှနဲ့ ဥရောပ အစည်းအဝေးပွဲ (ASEM) ရဲ့ ၈ ကြိမ်မြောက် ထိပ်သီး ညီလာခံကို တက်ရောက်လာစဉ် ဒီတပတ် အစောပိုင်းမှာလည်းပဲ ဝန်ကြီးချုပ် ၂ ဦး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

၂၀၀၈ ခုနှစ်ကစလို့ ၂ ဘက်အကြား အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် စစ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ နေရာက တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ရုပ်သိမ်းဖို့လည်း ဆွေးနွေးခဲ့ကြတာပါ။

နှစ်ပေါင်းများစွာ အချေအတင် ဖြစ်နေရတဲ့ ဒီကိစ္စဟာ ဘရာဇီးလ်နိုင်ငံမှာ သြဂုတ်လတုန်းက ကျင်းပတဲ့ ကုလသမဂ္ဂ UNESCO အဖွဲ့ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ကော်မရှင် အစည်းအဝေးပွဲမှာ ပရဝိဟာရ ဘုရားကျောင်း စီမံအုပ်ချုပ်ရေး အစီအစဉ်တရပ်ကို ကမ္ဘောဒီးယားနိုင်ငံက တင်သွင်းခဲ့ရာကစလို့ တင်းမာမှုတွေ ပိုပြီး ကြီးထွားခဲ့တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG