သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလွှတ်တော်အမတ် တယောက်နဲ့ အခြား ၆ ဦးကို ကမ္ဘောဒီးယား ဖမ်းဆီး


ထိုင်းလွှတ်တော်အမတ် တယောက်နဲ့ အခြား ၆ ဦးကို ကမ္ဘောဒီးယား ဖမ်းဆီး
ထိုင်းလွှတ်တော်အမတ် တယောက်နဲ့ အခြား ၆ ဦးကို ကမ္ဘောဒီးယား ဖမ်းဆီး

အချေအတင်ဖြစ်နေတဲ့ နယ်စပ်ဒေသမှာ ဖမ်းဆီးလိုက်တဲ့ ထိုင်းဥပဒေပြု အမတ်တဦးနဲ့ နောက်ထပ် ၆ ယောက်တို့ကို နိုင်ငံတွင်း ဥပဒေမဲ့ ဝင်ရောက်မှုတွေနဲ့ ဒီကနေ့ ကြာသပတေးနေ့မှာ အရေးယူသွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံက ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံသား ၇ ယောက်ကို ဖနွမ်းပင် တရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး မြို့တော်မှာရှိတဲ့ Prey Sar အကျဉ်းထောင်မှာ ထိန်းသိမ်းထားမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) က ဗုဒ္ဓဟူးနေ့မှာပဲ ပြောဆိုလိုက်တာပါ။

ထိုင်းနိုင်ငံက အာဏာရ ဒီမိုကရက်တစ်ပါတီ ဥပဒေပြု အမတ်တဦးဖြစ်တဲ့ Panich Vikitsreth နဲ့ နောက်ထပ် ၆ ဦးတို့ကို ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်းက Sa Kaeo ခရိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဘက်မှာရှိတဲ့ Banteay Meanchey ခရိုင်ကြားက နယ်ခြားဒေသမှာ ကမ္ဘောဒီးယား တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းလွှတ်တော်အမတ်ကတော့ ကမ္ဘောဒီးယားတပ်တွေ ထိုင်းနိုင်ငံထဲ ကျူးကျော် ဝင်ရောက်နေတယ်လို့ ဒေသခံတွေက တိုင်တန်းထားတာကို စုံစမ်းစစ်ဆေးဖို့ နယ်စပ်ဒေသကို သွားရောက်ခဲ့တာလို့ ပြောခဲ့တာပါ။ သူနဲ့ တခြားသူတွေ အားလုံးဟာ ဖမ်းဆီးခံရချိန်မှာ ထိုင်းနယ်မြေထဲမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံသား ၇ ယောက် ဖမ်းဆီးခံရတဲ့ ကိစ္စကို ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) သိရှိပြီး ဖြစ်ကြောင်းနဲ့ ပြဿနာကို ဖြေရှင်းရေး အတွက်လည်း ၂ နိုင်ငံကြား သက်ဆိုင်သူတွေ ညှိနှိုင်းနေတယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ အခုဖမ်းဆီးမှုက ၂ နိုင်ငံ ဆက်ဆံရေးတွေကို ထိခိုက်စေမယ်လို့ မယုံကြည်ကြောင်းနဲ့ ထိုင်းဝန်ကြီးချုပ် အနေနဲ့လည်း ကမ္ဘောဒီးယားနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို နားလည်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာပါ။

XS
SM
MD
LG