သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း၊ ကမ္ဘောဒီးယားနယ်စပ် လက်နက်ကြီးများ ပစ်ခတ်


ထိုင်း၊ ကမ္ဘောဒီးယားနယ်စပ် လက်နက်ကြီးများ ပစ်ခတ်
ထိုင်း၊ ကမ္ဘောဒီးယားနယ်စပ် လက်နက်ကြီးများ ပစ်ခတ်

ထိုင်းစစ်တပ်ဘက်က နယ်စပ်ကိုဖြတ်ပြီး အမြောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ၁၁ ရာစုနှစ် ဟိန္ဒူဘုရားကျောင်းရဲ့ တစိတ်တပိုင်း ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ကမ္ဘောဒီးယား အစိုးရက ပြောလိုက်ပါတယ်။

ထိုင်းစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရဲ့ ရလဒ်အဖြစ် ကုလသမဂ္ဂရဲ့ ထိန်းသိမ်းထားသင့်တဲ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဖရာ့ဝိဟာရ ဘုရားကျောင်းရဲ့ တစိတ်တပိုင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သတင်းကို ပြင်သစ် သတင်းဌာနတခုကို ကိုးကားပြီး ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်အပေါ် ထိုင်းအစိုးရက တုံ့ပြန်မှု တစုံတရာ မရှိသေးဘူးလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က အငြင်းပွားနေကြတဲ့ ဘုရားကျောင်းနားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်ဖွဲ့တွေ တိုက်ခိုက်မှု အသစ်တွေ ပြန်ဖြစ်ခဲ့ပြီး ယာယီ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီချက်နဲ့ အဆုံးသတ်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းလူမျိုး အများစုက သဘောမတူပေမဲ့ ၁၉၆၂ ခုနှစ် နိုင်ငံတကာ တရားရုံးက ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်က ဘုရားကျောင်းကို ကမ္ဘောဒီးယား ပိုင်ဆိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်က ဒီအငြင်းပွားမှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ ပြောပြီး နာရီအနည်းငယ် အကြာမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းစာတွေက ဖော်ပြပါတယ်။

စနေနေ့က ထိုင်းနိုင်ငံ People's Alliance for Democracy ပါတီအဖွဲ့ဝင် ၂,၀၀၀ လောက် ဘန်ကောက်မှာ စုရုံးပြီး ပိုပြီး တင်းမာပြတ်သားတဲ့ ရင်ဆိုင်မှုမျိုးလုပ်ဖို့ ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဟော် နမ်ဟွန်း (Hor Namhong) က သူ့အဆိုအရ ထိုင်းတပ်ဖွဲ့တွေရဲ့ ဗြောင်ကျကျ ရန်လိုမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂကို တင်ပြ တိုင်တန်းမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG