သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်ပြဿနာ အာဆီယံ ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်း


ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်ပြဿနာ အာဆီယံ ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်း

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေက သံတမန်တွေဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံကြား နယ်စပ်ဒေသမှာ ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲ ပြဿနာကို အဆုံးသတ် ဖြေရှင်းဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကို စတင် လုပ်လာနေကြပါတယ်။

၂ နိုင်ငံစလုံးကတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပန်ကြားထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းနား တ၀ိုက်မှာ ၂ နိုင်ငံ တပ်တွေဟာ ဒီကနေ့မှာလည်း နောက်ထပ် တိုက်ပွဲတွေ ဖြစ်ပွားတယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း ၅ ယောက်ထက်မနည်း သေဆုံးသွားပြီး နှစ်ပေါင်း ၉၀၀ လောက် သက်တမ်းရှိတဲ့ ဘုရားကျောင်းရဲ့ နေရာတချို့လည်း ပျက်စီးသွားတယ်လို့ ကမ္ဘောဒီးယားဘက်က ဆိုပါတယ်။

ညသန်းခေါင်လောက်မှ တိုက်ပွဲပြီးဆုံးသွားတဲ့ တနင်္ဂနွေနေ့တုန်းကလည်း လူတချို့ ဒဏ်ရာရသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ သောကြာနေ့က စခဲ့တဲ့ တိုက်ပွဲတွေ ဒီနေ့မှ ပြန်စတာလို့ ကမ္ဘောဒီးယားဘက်ကတော့ ဆိုပါတယ်။

ဒီနေ့ပစ်ခတ်မှုတွေဟာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုသာ ဖြစ်တယ်လို့ ထိုင်းဘက်က ပြောပေမဲ့ အဲဒီဒေသဘက်မှာ နေတဲ့ သတင်းထောက်တွေနဲ့ ဒေသခံတွေကတော့ စက်သေနတ်တွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ပြောပါတယ်။

XS
SM
MD
LG