သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနဲ့ ကမ္ဘောဒီးယား အပစ်ရပ်ရေး ဆွေးနွေးမည်


ထိုင်းနဲ့ ကမ္ဘောဒီးယား အပစ်ရပ်ရေး ဆွေးနွေးမည်
ထိုင်းနဲ့ ကမ္ဘောဒီးယား အပစ်ရပ်ရေး ဆွေးနွေးမည်

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ၅ ရက်ကြာ တိုက်ပွဲတွေအတွင်း စစ်သား ၁၃ ယောက် သေဆုံးခဲ့ပြီးတဲ့နောက် အပစ်ရပ်စဲရေး ဆွေးနွေးဖို့ နှစ်နိုင်ငံလုံးဘက်က ပြင်ဆင်နေကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲတွေ မကြာခင် ကျင်းပမယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြတာကို ထိုင်းဝန်ကြီးချုပ် အဘီဆစ် (Abhisit Vejjajiva) ကလည်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

သက်တမ်း ၉၀၀ လောက် ရှိနေပြီဖြစ်တဲ့ ဖရ ဝိဟာရ ဘုရားကျောင်းနားမှာ အင်္ဂါနေ့က ပစ်ခတ်မှု ဖြစ်ခဲ့ကြတာပါ။ ဒီဘုရားကျောင်းကို ကုလသမဂ္ဂ အဖွဲ့ကြီးက ကမ္ဘောဒီးယားဘက်က ပိုင်ကြောင်း ဆုံးဖြတ်ပေးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစပြီး အခုလို တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။

အခုလို တိုက်ပွဲဖြစ်နေတာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံလုံးက တဘက်နဲ့တဘက် အပြန်အလှန် ပြစ်တင် ပြောဆိုနေကြပြီး ဒေသခံ အရပ်သား ၅၀,၀၀၀ လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ထိုင်းနိုင်ငံက အစိုးရဆန့်ကျင်ရေး အနီရောင် အင်္ကျီဝတ် အင်အားစုရဲ့ လှုပ်ရှားမှုတွေကို အားပေးထောက်ခံတဲ့ ပုဂ္ဂလိက ရေဒီယိုဌာန တဒါဇင်ကျော်ကို ထိုင်းအာဏာပိုင်တွေ မနေ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘုရင်စံနစ်ကို အကြည်ညိုပျက်စေမယ့် ကြေညာချက်တွေကို ရေဒီယိုတွေက ထုတ်လွှင့်ခဲ့ပြီး မြို့တော် ဘန်ကောက်နဲ့ မြို့ပြင်တဝိုက်က ပုဂ္ဂလိက ရေဒီယိုဌာနတွေကို ဝင်ပြီး စီးနင်းခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ဘုရင်အုပ်ချုပ်ရေးကို ထိပါး စော်ကားတာဟာ ကြီးမားတဲ့ ပြစ်မှုပါ။ အခုချိန်ဟာ အစိုးရဆန့်ကျင်တဲ့ အင်္ကျီအနီရောင်ဝတ် အင်အားစုတွေရဲ့ ဆန္ဒပြမှု နှစ်ပတ်လည်ကာလ ဖြစ်ပါတယ်။ ဘန်ကောက်မြို့တော် တဝိုက်က အဓိကကျတဲ့ နေရာတွေမှာ လုံခြုံရေး အထူးရဲတပ်ဖွဲ့တွေ တိုးမြှင့်ချလိုက်ပြီး ရက်အနည်းငယ် အကြာမှာပဲ ရေဒီယိုဌာနတွေ စီးနင်းမှု ဖြစ်ခဲ့တာပါ။

XS
SM
MD
LG