သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း၊ ကမ္ဘောဒီးယား အပစ်ရပ်


ထိုင်း၊ ကမ္ဘောဒီးယား အပစ်ရပ်
ထိုင်း၊ ကမ္ဘောဒီးယား အပစ်ရပ်

ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းရှိရာ နယ်နိမိတ်ကို သူပိုင်ကိုယ်ပိုင် အငြင်းပွားပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ ဘက်တပ်တွေကြား အပြန်အလှန် ပစ်ခတ်မှု ရပ်စဲဖို့ သဘောတူလိုက်ကြပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ကြိုးကြား ကြိုးကြား ပစ်ခတ်မှုတွေထဲမှာ ပြင်းထန်တဲ့ တိုက်ပွဲတချို့ ဒီနေ့ ကြာသပတေးနေ့ ဖြစ်အပြီးမှာ စစ်မြေပြင်က တပ်မှူးကြီးတွေကြား ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့ကြတယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသူတွေ နေရပ်ပြန်နိုင်ဖို့ ၂ နိုင်ငံ နယ်နိမိတ်ကြားမှာ ဂိတ်တခု ဖွင့်ပေးဖို့နဲ့ နောက်ထပ် နားလည်မှု မလွဲအောင် ပုံမှန် တွေ့ဆုံကြဖို့ကို ထိုင်းနဲ့ ကမ္ဘောဒီးယားကြားမှာ သဘောတူခဲ့ကြတယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေးအတွက် တရားဝင် ထုတ်ပြန်ကြေညာတာ မရှိပေမဲ့ ကမ္ဘောဒီးယားတို့က သတင်းစာ ရှင်းလင်းပွဲလုပ်တာ ကောင်းတဲ့ လက္ခဏာပဲလို့ ထိုင်းစစ်တပ် ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

ပစ်ခတ်မှုတွေ တိုးလာပြီး ညလုံးပေါက် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်သားတယောက် သေဆုံးခဲ့လို့ ၇ ရက်ရှိပြီဖြစ်တဲ့ တိုက်ပွဲအတွင်း သေဆုံးသူ ၁၅ ယောက် ရှိသွားပြီလို့ ထိုင်းတာဝန်ရှိသူတွေက အစောပိုင်းမှာ ပြောခဲ့ပါတယ်။

အာဆီယံနိုင်ငံများရဲ့ ယဉ်ကျေးမှုဆိုင်ရာ စည်းဝေးပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ သွားတက်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Piromya) ဟာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) နဲ့ ပဋိပက္ခအကြောင်း ဆွေးနွေးကြတယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်နေတဲ့ မစ္စတာ နာတာလီဂါဝါက ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ကြားဝင် စေ့စပ်ပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG