သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်သစ် ကမ္ဘောဒီးယား သွားမည်


ထိုင်းဝန်ကြီးချုပ်သစ် ကမ္ဘောဒီးယား သွားမည်
ထိုင်းဝန်ကြီးချုပ်သစ် ကမ္ဘောဒီးယား သွားမည်

ထိုင်းဝန်ကြီးချုပ်သစ် ယင်းလပ်က် ရှင်နာဝပ် (Yingluck Shinawatra) ဟာ လာမယ့်သီတင်းပတ်မှာ ကမ္ဘောဒီးယားနိုင်ငံဆီ သွားရောက်မယ်လို့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့ကျရင် သွားမယ့် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ အဓိက တိုးတက်မှုတခု ဖြစ်လာစေမယ်လို့ မျှော်လင့်ထားကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကွိုင်ကျောင်း (Koy Kyoung) က ဗွီအိုအေကို ပြောပါတယ်။ ထိုင်း၊ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား နယ်စပ်ဒေသမှာ ဒီနှစ်အစောပိုင်းက တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

သြဂုတ်လ အစောပိုင်းမှာ မစ်စ် ယင်းလပ်က် အာဏာရလာကတည်းက ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးတွေ ပိုပိုပြီး ကောင်းလာခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းရေး ဆွေးနွေးဖို့ ကော်မတီတရပ် ထူထောင်မယ်လို့ လွန်ခဲ့တဲ့တလမှာ နှစ်နိုင်ငံက ကြေညာထားပါတယ်။ နယ်စပ်အငြင်းပွားမှုကြောင့် လူ ၁၈ ယောက် သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော ရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

XS
SM
MD
LG