သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားနှင့် သင့်မြတ်ရေး ထိုင်းဝန်ကြီးချုပ် ကြိုးစားမည်


ကမ္ဘောဒီးယားနှင့် သင့်မြတ်ရေး ထိုင်းဝန်ကြီးချုပ် ကြိုးစားမည်
ကမ္ဘောဒီးယားနှင့် သင့်မြတ်ရေး ထိုင်းဝန်ကြီးချုပ် ကြိုးစားမည်

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်မှာ လူတွေ သေကျေစေတဲ့အထိ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် ဆက်ဆံရေးတွေ ပုံမှန် ပြန်ဖြစ်လာအောင် ကြိုးစားတဲ့ အနေနဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ခ် ရှင်နာဝပ် (Yingluck Shinawatra) ဟာ ကမ္ဘောဒီးယားနိုင်ငံကို ကြာသပတေးနေ့က ရောက်သွားပါပြီ။

ပြီးခဲ့တဲ့လက အာဏာရလာတဲ့ ဝန်ကြီးချုပ် ယင်းလပ်ကို ကမ္ဘောဒီးယားနိုင်ငံက တရားဝင် အခမ်းအနားနဲ့ ကြိုဆိုပြီးတဲ့နောက် ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်မှတော့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ခ်ဟာ ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်မ် စီဟာမိုနီ (Norodom Sihamoni) နဲ့ တွေ့ဆုံဖို့ ခီမာရင် (Khemarin) နန်းတော်ကို သွားရောက်ခဲ့ပါတယ်။

နှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် လူပေါင်း ၂၈ ယောက် သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးအိမ် စွန့်ပြေးခဲ့ရတာကြောင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ နှစ်ဘက် အစိုးရတွေက လိုလားနေကြတာပါ။ အရင် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) အစိုးရလက်ထက်မှာ ဆက်ဆံရေးတွေ တင်းမာခဲ့ပေမဲ့ ဝန်ကြီးချုပ် ယင်းလပ် အစိုးရ တက်လာတဲ့ အချိန်ကစလို့ ဆက်ဆံရေးတွေ သိသိသာသာ တိုးတက် ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။

အခြေအနေပေးရင် စီးပွားရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေပါ ဆွေးနွေးဖြစ်မယ်လို့ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ထိုင်းပင်လယ်ကွေ့အတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ပူးတွဲ ရှာဖွေကြဖို့ ကမ္ဘောဒီးယားက အဆိုပြုထားပါတယ်။

XS
SM
MD
LG