ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဘုရားကျောင်းတခုကို သူပိုင်ငါပိုင် အငြင်းပွားရာကနေ နယ်စပ်ပြဿနာတွေ အထိ ပေါ်ပေါက်ခဲ့တဲ့ မကြာသေးခင်က တိုက်ပွဲတခုမှာ နှစ်ဖက် တပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
ကမ္ဘောဒီးယားဘက်က စစ်သား ၃ ယောက် ကျဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကမ္ဘောဒီးယား တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းဘက်မှာလည်း စစ်သည် ၂ ဦး ကျဆုံးပြီး အနည်းဆုံး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းတပ်မတော် အကြီးအကဲတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ ဆူရင်း (Surin) ပြည်နယ် ဖနွမ်ဒွန်ရက်ခ် (Pa Nom Dong Rak) ဒေသက တာမူဝမ်တွမ် (Ta Muen Tom) ဘုရားကျောင်းနားမှာ ဒီတိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကို ဘယ်သူ့ဖက်က စတင်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်ဖက်လုံးရဲ့ တပ်မတော်အကြီးအကဲတွေက တဘက်နဲ့တဘက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြပါတယ်။