သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီယားနဲ့အငြင်ပွားမှု ခိုင်မာစွာရပ်ဖို့ ထိုင်းအဝါဝတ်တွေတောာင်းဆို


အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်မြေ အငြင်းပွားနေရာမှာ တင်းတင်းမာမာ ရပ်တည်ဖို့ ထိုင်းအစိုးရ ကို တောင်းဆိုမယ်လို့ တီရှပ် အဝါဝတ်သူတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။

ဝန်ကြီးးချုပ် အဘီဆစ် ဝိပ်ဂျာဂျီ၀ နဲ့ အစိုးရအဖွဲ့ရုံး အပြင်မှာ ဆန္ဒပြတောင်းဆိုပွဲကို ဒီနေ့စနေနေ့မှာ ကျင်းပမယ်လို့ မျှော်လင့်ထားကြပြီး၊ တီရှပ်အဝါဝတ်တွေက ပူးပေါင်းလာရောက်ကြလိမ့်မယ်လို့ ဒီမိုကရေစီပြည်သူ့မဟာမိတ်အဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Sondhi Limthongkul က သောကြာနေ့က ပြောပါတယ်။

ကမ္ဘောဒီယားနဲ့ နယ်မြေအငြင်းပွားမှုကို ကိုင်တွယ်ရာမှာ အစိုးရက သိပ်ပျော့လွန်းလှတယ်လို့ လက်ရှိအစိုးရ တက်လာဖို့ ကူညီခဲ့တဲ့ လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင်က ဆိုပါတယ။်

ပြဿနာကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့ သမိုင်းဝင် ဖရာဝိဟာရ ဘုရားကျောင်း နဲ့ ကပ်နေတဲ့ ၄.၆ စတုရန်း ကီလိုမီတာ ရှိတဲ့ မြေနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ဘုရားကျောင်းဟာ ကမ္ဘာ့အမွေတစ်ရပ်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ပိုင်နက်မှာ ရှိတယ်လို့ ယူနက်စကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး က ၂၀၀၈ ခုနှစ် မှာ ကြေညာခဲ့ကတည်းက နှစ်ဘက်လုံးက နယ်စပ်တလျှောက်မှာ တပ်တွေကို ချထားခဲ့ကြတာပါ။ မကြာခဏလည်း ပစ်တာခတ်တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG