သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဝင် ကမ္ဘောဒီးယား အလုပ်သမားတွေ ထိုင်းကပြန်လက်ခံ


ထိုင်းနိုင်ငံထဲကို ကမ္ဘောဒီယား အလုပ်သမားတွေ တရားဝင်ပြန်လာရင် လက်ခံမှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက အင်္ဂါနေ့က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တရားဝင် စာရွက်စာတမ်းမရှိတဲ့ အလုပ်သမားတွေကို ဖမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေကြတဲ့ ကမ္ဘောဒီးယား အလုပ်သမား အလုံးအရင်းနဲ့ ကမ္ဘောဒီးယားဘက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြန်ခဲ့ကြပါတယ်။

ဒီလိုအခြေအနေမှာပဲ ထိုင်းဘက်က တရားဝင် ပြန်လာရင် လက်ခံမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ လူကုန်ကူးမှုနဲ့ လုပ်အား အမြတ်ထုတ်ခံရမှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် တရားဝင်နည်းလမ်းနဲ့ ထိုင်းဘက်ကို ပြန်သွားရင် အလုပ်သမားတွေကို ပြန်လက်ခံမှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ပြောခွင့်ရသူက ဗွီအိုအေ ခမာဌာနကို ပြောကြားခဲ့ပါတယ်။

ထိုင်းအာဏာသိမ်းအစိုးရက နယ်စပ်ဂိတ်တွေကို တင်းကျပ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားအလုပ်သမား ၂ သိန်းနီးပါး ထိုင်းနိုင်ငံကနေ ထွက်ခွာခဲ့ကြပါတယ်။ ထိုင်းနဲ့ မြန်မာနိုင်ငံကြား တရားမဝင် သွားလာနိုင်တဲ့ နယ်စပ်လမ်းတွေကိုလည်း ထိုင်းလုံခြုံရေးတွေက ပိတ်ထားတဲ့အတွက် မြန်မာနိုင်ငံဘက်ကိုလည်း မပြန်နိုင်၊ ထိုင်းနိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းတွေ မရှိကြတဲ့ မြန်မာအလုပ်သမားတွေ အဖမ်းခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။
XS
SM
MD
LG