သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ကျီနီဆန္ဒပြခေါင်းဆောင် ထိုင်းအစိုးရကို ငြိမ်းချမ်းရေးကမ်းလှမ်း


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်သားတွေအကြား အသေအပျောက်များခဲ့တဲ့ ၅ ရက်ကြာ လမ်းပေါ်က ဆန္ဒပြမှုတွေ အဆုံးသတ်စေဖို့အတွက် ရှပ်နီဝတ် ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်က ငြိမ်းချမ်းရေး ကမ်းလှမ်းချက်တခုကို တင်ပြခဲ့တယ်လို့ ထိုင်းအစိုးရရဲ့ ညှိနှိုင်းရေးမှူး ကော်ဘ်ဆက် ဆပ်ဟာဝါဆူ (Korbsak Sabhavasu) က ပြောပါတယ်။

ရှပ်နီတွေရဲ့ကိုယ်စားလှယ် နာတ၀ပ် ဆိုင်ကူဝါ (Nattawut Saikuwa) က ထိုင်းအစိုးရ ညှိနှိုင်းရေးမှူးကို တနင်္လာနေ့မှာ လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။ တကယ်လို့ လက်နက်ကိုင် ဆန္ဒပြသမားတွေ သူတို့ စခန်းချရာ ဘန်ကောက်မြို့လယ် စီးပွားရေး အချက်အချာကျတဲ့ နေရာကို ပြန်ပြီးသွားမယ်ဆိုရင် ထိုင်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကို ရပ်ဆိုင်းမယ်လို့ ရှပ်နီတွေရဲ့ ခေါင်းဆောင်ကို ညှိနှိုင်းရေးမှူးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရှပ်နီဝတ် ဆန္ဒပြသူတွေထဲက လက်နက်ကိုင်စွဲထားတဲ့သူတွေဟာ ကြာသပတေးနေ့ကစပြီး နဂိုစခန်းချနေတဲ့ နေရာကနေ ပတ်ဝန်းကျင် လမ်းတွေပေါ်မှာပဲ ဖြန့်ကျက်ပြီး တိုက်ခိုက်ခဲ့တာကြောင့် ထိုင်းစစ်တပ်က လိုက်လံပစ်ခတ်ခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုကြောင့် ရှပ်နီဝတ် ဆန္ဒပြသူတွေနဲ့အတူ လှုပ်ရှားခဲ့တဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ခက်ထိရ (Khattiya) အပါအ၀င် ၃၇ ဦးသေဆုံးပြီး ၂၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

XS
SM
MD
LG