သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းတိရစၧာန္႐ုံမွာ ေမြးကင္းစ ေရျမင္းပုေလးအတြက္ နာမည္ေရြးပြဲလုပ္ေန


ေရျမင္းပုေလးႏွင့္ သူ႔မိခင္ ေရျမင္းမႀကီး။

(Zawgyi / Unicode)

ထိုင္းႏိုင္ငံအေရွ႕ပိုင္းက တိရစာၦန္႐ံုမွာ လာၾကည့္သူမ်ားေနတဲ့ ေမြးကင္းစ အပုစား ေရျမင္းေလးအတြက္ နာမည္ေပးၿပိဳင္ပြဲ စေနပါၿပီ။

ခၽြန္ဘူရီျပည္နယ္ Khao Kheaw တိရစာၦန္႐ံုမွာ လြန္ခဲ့တဲ့တလက ေမြးခဲ့တဲ့ ဒီ ေရျမင္းပု အထီးေလးအတြက္ နာမည္ကို မဲေပးေရြးခ်ယ္ေပးၾကဖို႔ လာၾကည့္တဲ့သူေတြကို ဝန္ထမ္းေတြက စေနေန႔မွာ ဖိတ္ေခၚပါတယ္။

ဘန္ေကာက္ၿမိဳ႕ေတာ္ကေန မိုင္ ၅၀ ေလာက္ေဝးတဲ့ အဲဒီ ျပည္နယ္တိရစာၦန္႐ံု ဝန္ထမ္းေတြက ၆ ေကာင္ေျမာက္ျဖစ္တဲ့ ဒီ ေရျမင္းပုေလးရဲ႕ နာမည္ကို “Kake” ဝက္ေျခေထာက္ေလးလို႔ ေပးမလား၊ “Moo Tun” ဝက္ေပါင္းေလးလို႔ ေပးမလားဆိုၿပီး မဲခြဲခိုင္းေနတယ္လို႔ ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။

ဒီမဲေပးပြဲကို တိရစာၦန္႐ုံရဲ႕ Facebook လူမူကြန္ရက္ စာမ်က္ႏွာေပၚမွာလည္း စတင္ေနၿပီး ဒီဇင္ဘာလ ၂၀ ရက္ေန႔အထိ မဲေပးခြင့္ေပးထားပါတယ္။

ေနာက္ဆံုး မဲရလဒ္ကို ဒီဇင္ဘာလ ၂၈ ရက္ေန႔မွာ ေၾကညာမွာျဖစ္ၿပီး မဲေပးသူေတြကို မဲေဖာက္ဆုေပးမယ့္ အစီအစဥ္လည္း ပါပါတယ္။

ဒီ အပုစား ေရျမင္းေတြဟာ အေနာက္အာဖရိက ေတာေတာင္ စိမ့္စမ္းေတြမွာ သဘာဝအတိုင္း မ်ိဳးပြားေနထိုင္ၾကၿပီး ပံုမွန္ ေရျမင္းေတြထက္ ၁၀ ဆ ငယ္ပါတယ္။

--------------------------------------

(Unicode)

ထိုင်းတိရစ္ဆာန်ရုံမှာ မွေးကင်းစ ရေမြင်းပုလေးအတွက် နာမည်ရွေးပွဲလုပ်နေ

ထိုင်းနိုင်ငံအရှေ့ပိုင်းက တိရစ္ဆာန်ရုံမှာ လာကြည့်သူများနေတဲ့ မွေးကင်းစ အပုစား ရေမြင်းလေးအတွက် နာမည်ပေးပြိုင်ပွဲ စနေပါပြီ။

ချွန်ဘူရီပြည်နယ် Khao Kheaw တိရစ္ဆာန်ရုံမှာ လွန်ခဲ့တဲ့တလက မွေးခဲ့တဲ့ ဒီ ရေမြင်းပု အထီးလေးအတွက် နာမည်ကို မဲပေးရွေးချယ်ပေးကြဖို့ လာကြည့်တဲ့သူတွေကို ဝန်ထမ်းတွေက စနေနေ့မှာ ဖိတ်ခေါ်ပါတယ်။

ဘန်ကောက်မြို့တော်ကနေ မိုင် ၅၀ လောက်ဝေးတဲ့ အဲဒီ ပြည်နယ်တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ၆ ကောင်မြောက်ဖြစ်တဲ့ ဒီ ရေမြင်းပုလေးရဲ့ နာမည်ကို “Kake” ဝက်ခြေထောက်လေးလို့ ပေးမလား၊ “Moo Tun” ဝက်ပေါင်းလေးလို့ ပေးမလားဆိုပြီး မဲခွဲခိုင်းနေတယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ဒီမဲပေးပွဲကို တိရစ္ဆာန်ရုံရဲ့ Facebook လူမူကွန်ရက် စာမျက်နှာပေါ်မှာလည်း စတင်နေပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ မဲပေးခွင့်ပေးထားပါတယ်။

နောက်ဆုံး မဲရလဒ်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကြေညာမှာဖြစ်ပြီး မဲပေးသူတွေကို မဲဖောက်ဆုပေးမယ့် အစီအစဉ်လည်း ပါပါတယ်။

ဒီ အပုစား ရေမြင်းတွေဟာ အနောက်အာဖရိက တောတောင် စိမ့်စမ်းတွေမှာ သဘာဝအတိုင်း မျိုးပွားနေထိုင်ကြပြီး ပုံမှန် ရေမြင်းတွေထက် ၁၀ ဆ ငယ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG