သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအခြေခံ ဥပဒေမူကြမ်း နိုင်ငံရေးပါတီတွေ ဆန့်ကျင်


ဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva (မေလ ၃ ရက်နေ့ ၂၀၁၄)
ဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva (မေလ ၃ ရက်နေ့ ၂၀၁၄)

ထိုင်းနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ ဒီမိုကရက် ပါတီ ခေါင်းဆောင်တွေနဲ့ တခြားနိုင်ငံရေးပါတီတွေဟာ စစ်တပ်က ထောက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပူးပေါင်းဆန့်ကျင်လိုက်ကြပါတယ်။

ဒီလို Democrat Party က ဆန့်ကျင်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို လူထုဆန္ဒခံယူပွဲ သြဂုတ်မှာ ကျင်းပမယ့်ကိစ္စ အများကို သံသယဝင်စေပြီး တခြားနိုင်ငံရေးပါတီတွေကလည်း အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ဆန့်ကျင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva ဦးဆောင်တဲ့ ဒီမိုကရက် ပါတီ ခေါင်းဆောင်တွေက ဒီ ဖွဲ့စည်းပုံဥပဒေ မူကြမ်းကို ပေါ်ပေါ်တင်တင်ဝေဖန်ပြီးဒီမိုကရေစီကို အနားပေးထားကြတယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း Abhisit က ဒီ ဖွဲ့စည်းပုံဥပဒေ မူကြမ်းဟာ ဒီမိုကရေစီ သဘောထားတွေကို ပျက်ပြားစေတယ်။ အာဏာပိုင်တွေနဲ့ နှိုင်းယှဉ်ရင် ပြည်သူတွေရဲ့ အင်အားကို ယုတ်လျော့စေတယ်လို့ တနင်္ဂနွေနေ့ညပိုင်းမှာ ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါ့အပြင် နိုင်ငံရေးဖြစ်စဉ်မှာ လူထုရဲ့ ပါဝင်နိုင်ခွင့်ကို ပိတ်ပင်ထားတယ်လို့ သူကဝေဖန်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဏာရလာခဲ့တဲ့ စစ်အစိုးရဟာ စစ်တပ်ကိုယ်စားလှယ် အမတ် ၂၅၀ ပါဝင်တဲ့ အထက်လွှတ်တော်ကိုထည့်သွင်းရေး သူတို့ဒုတိယအခေါက် အပြီးရေးဆွဲတဲ့ဖွဲ့စည်းပုံဥပဒေ မူကြမ်းကို အတည်ပြုဖို့ တိုက်တွန်းနေတာပါ။ ဒါဟာ မူကြမ်းရေးဆွဲရေးကောင်မတီရေးဆွဲတဲ့ အဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ် ၂၀၀ အထက်လွတ်တော်မှာ ထည့်သွင်းမယ်ဆိုတာနဲ့ ကွဲလွဲနေတာပါ။ ၂၀၁၄ မှာ အာဏာလက်လွှတ်ခဲ့ရတဲ့ Pheu Thai ပါတီကလည်း ဒီဖွဲ့စည်းပုံဥပဒေ မူကြမ်းကို ပယ်ချပြီး သြဂုတ်လ လူထုဆန္ဒခံယူပွဲကို ဆန့်ကျင်ကြဖို့ နှိုးဆော်နေပါတယ်။

လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayut Chon-o-cha ကတော့ ဒီဖွဲ့စည်းပုံဥပဒေ မူကြမ်းကိုဝေဖန်သူတွေကို တိုက်ခိုက်ပြောဆိုတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG