သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ စောစောကျင်းပရန် လွှတ်တော်ကို ဖျက်မည်

ထိုင်းရွေးကောက်ပွဲ စောစောကျင်းပရန် လွှတ်တော်ကို ဖျက်မည်
ထိုင်းရွေးကောက်ပွဲ စောစောကျင်းပရန် လွှတ်တော်ကို ဖျက်မည်

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲတွေ အချိန်စော ကျင်းပနိုင်ဖို့ လွှတ်တော်ကို ဖျက်သိမ်းဖို့အတွက် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် (Bhumibol Adulyadej) ထံ ခွင့်ပြုမိန့် တောင်းခံမယ်လို့ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) က ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံက မထွက်ခွာခင် သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကို ဆက်ပြီး တနင်္လာနေ့ အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းဘုရင်က လွှတ်တော်ကို ဖျက်သိမ်းခွင့်ကို လက်မှတ်ရေးထိုးအပြီး ၄၅ ရက်နဲ့ ရက်ပေါင်း ၆၀ အတွင်းမှာ ရွေးကောက်ပွဲတွေကို ကျင်းပရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ၂၀၀၆ ခုနှစ်က ဝန်ကြီးချုပ် တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရာထူးက ဖြုတ်ချခံခဲ့ရပြီးကတည်းက နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG