သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ မတ် ၁၄ ကျင်းပပေးမည်


၂၀၁၄ တုန်းက ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကျင်းပစဉ်
၂၀၁၄ တုန်းက ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကျင်းပစဉ်

ထိုင်းနိုင်ငံမှာ အခုနှစ်ထဲ ရွေးကောက်ပွဲကျင်းပဖို့ ထိုင်းဘုရင်က တော်ဝင် အမိန့် ထုတ်ပြန် အတည်ပြုခဲ့ပြီးနောက် ရွေးကောက်ပွဲကို မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ကို စစ်တပ်က ဖြုတ်ချခဲ့ပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲကဆိုရင် ပထမဆုံးကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲကျင်းပမှာကို အတည်ပြုတယ်လို့ ဗုဒ္ဓဟူးနေ့မနက်က တော်ဝင်အမိန့် ထုတ်ပြန်လိုက်ပြီးနောက် ထိုင်းရွေးကောက်ပွဲကော်မရှင်က အစည်းအဝေးထိုင်ပြီး ကျင်းပမယ့်ရက်ကို နေ့လည်ပိုင်းမှာ ကြေညာခဲ့တာပါ။

ရွေးကောက်ပွဲကို ဘုရင်က အတည်ပြုလိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ စည်းရုံလှုပ်ရှားမှုတွေကို တရားဝင် လုပ်ခွင့်ရှိသွားပါပြီ။ ပါတီတွေအနေနဲ့ စည်းကမ်းရှိရှိ မဲဆွယ်ကြဖို့ ဝန်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်း ဘုရင်နန်းတက်ပွဲကို မေလ ၄ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပဖို့ရှိနေတာကြောင့် နန်းတက်ပွဲကို အနှောင့်အယှက် မဖြစ်အောင် ရွေးကောက်ပွဲနဲ့ အစိုးရသစ် ဖွဲ့စည်းနိုင်မယ့် အချိန်ကို အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ညှိုနှိုင်းခဲ့ကြတာဖြစ်ပါတယ်။ စစ်အစိုးရ ဝန်ကြီးချုပ် Prayut Chan-O-Cha က ၂၀၁၅ ခုနှစ်ထဲက ရွေးကောက်ကျင်းပဖို့ကို အကြိမ်ကြိမ် နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဖေဖော်ဝါရီ လမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ မှန်းထားခဲ့ကြတာပါ။ ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ်ဟောင်း Yingluck ရဲ့အကို ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရာထူးကနေဆင်းပေးခဲ့ရတဲ့ ၂၀၀၆ ခုနှစ်ထဲက နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်နေပါတယ်။

XS
SM
MD
LG