သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ အမည်စာရင်း မှတ်ပုံတင်


မတ်လ ၂၄ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်
မတ်လ ၂၄ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်

ထိုင်းနိုင်ငံမှာ မတ်လ ၂၄ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ စတင်မှတ်ပုံတင်နေကြပါပြီ။ အမည်စာရင်းပေးတဲ့နေရာမှာ ပါတီစုံက ကိုယ်စားလှယ်လောင်းတွေ လာရောက်စာရင်းပေးကြတာကို ထောက်ခံကြသူ အသီးသီးက ဆိုင်းပုဒ်တွေ၊ အလံတွေဝှေ့ယမ်း၊ ကြွေးကြော်သံတွေ အော်ဟစ် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ကိုစစ်တပ်က ဖြုတ်ချခဲ့ပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲကဆိုရင် ပထမဆုံးကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲဖြစ်တာမို့ ရွေးကောက်ပွဲ ဝင်သူတွေရော၊ မဲဆန္ဒရှင်တွေပါ စိတ်ဝင်တစားဖြစ်နေကြတာပါ။

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကို ပြည်သူတွေမျှော်နေတာ ၈ နှစ်ကြာခဲ့ပြီလို့ PheuThai Party ကနေ ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်အရွေးခံမယ့် Sudarat Keyuraphan ကပြောပြီး နိုင်ငံရှေ့ကိုဆက်နိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်က မျှမျှတတ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

စစ်အစိုးရဝန်ကြီးချုပ် Prayut Chan-O-Cha က ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်ထဲက ကျင်းပမယ်လို့ ပြောကြားခဲ့ပေမဲ့ အကြိမ်ကြိမ်နောက်ဆုတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပရေးကို ထောက်ခံကြောင်း ထိုင်းဘုရင်က ပြီးခဲ့တဲ့လက တော်ဝင်အမိန့်ထုတ်ပြန် အတည်ပြုခဲ့တာကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ တရားဝင် စည်းရုံးလှုပ်ရှားခွင့် ရခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ အမည်စာရင်း မှတ်ပုံတင်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG