သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်လတ် အနိုင်ရရှိမှု ထိုင်းရွေးကောက်ပွဲ ကော်မရှင် အတည်မပြုသေး

ယင်လတ် အနိုင်ရရှိမှု ထိုင်းရွေးကောက်ပွဲ ကော်မရှင် အတည်မပြုသေး
ယင်လတ် အနိုင်ရရှိမှု ထိုင်းရွေးကောက်ပွဲ ကော်မရှင် အတည်မပြုသေး

ထိုင်းရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဟန့်တားတာကို ခံနေရပေမဲ့ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ဖို့အတွက် ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲ ဖြစ်ပါတယ်လို့ ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) က ပြောဆိုလိုက်ပါတယ်။

အနိုင်ရထားတဲ့ စုစုပေါင်း အမတ် ၅၀၀ ထဲက မစ်စ် ယင်လတ် အပါအဝင် ၁၄၂ ယောက်ကို မဲမသမာမှု အပါအဝင် တခြား စွပ်စွဲချက်တွေ ရှိနေတဲ့အတွက် သူတို့ရဲ့ အနိုင်ရမှုအပေါ် ရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့ နှောင်းပိုင်းအထိ အတည်ပြုမပေးသေးဘဲ ဖြစ်နေတာပါ။

ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ သူမရဲ့ ဖွေထိုင်းပါတီ (Pheu Thai) အပေါ် တရားသဖြင့် ဆုံးဖြတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်းလည်း ဗုဒ္ဓဟူးနေ့က သူမက ပြောဆိုလိုက်ပါတယ်။

နှုတ်ထွက်ပေးရတော့မယ့် အရင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ရဲ့ ရွေးကောက်ပွဲမှာ အနိုင်ရမှုကိုလည်း မဲဝယ်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ကော်မရှင်က အခုထက်ထိ အတည်ပြုမပေးသေးပါဘူး။ သူ့ပါတီ ရှုံးနိမ့်တယ် ဆိုပေမဲ့ ရွေးကောက်ခံရတဲ့အတွက် ပါလီမန်မှာတော့ တရားဝင် ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အမတ်နေရာ ၂၆၅ နေရာ အနိုင်ရထားတဲ့ မစ်စ် ယင်လတ်ရဲ့ ပါတီက တခြား ပါတီငယ်လေးတွေနဲ့ ပေါင်းပြီးတော့ ညွန့်ပေါင်းအစိုးရ ဖွဲ့ဲဖို့ စီစဉ်နေပါတယ်။

မစ်စ် ယင်လတ်အပေါ် ဘယ်လိုစွပ်စွဲ တိုင်တန်းထားတယ် ဆိုတာကိုတော့ ကော်မရှင်က ထုတ်ဖော် မပြောပါဘူး။

ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ အားလုံးပေါင်း အမတ် ၅၀၀ ရှိတဲ့အထဲက ၄၇၅ နေရာကို အချိန်မီ အတည်ပြုပေးနိုင်မှသာ ပါလီမန်အသစ်ကို သြဂုတ်လဆန်းပိုင်းမှာ စတင်ခေါ်ယူပြီး အလုပ်စတင်နိုင်မှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG