ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရ ဖွေထိုင်းပါတီ (Pheu Thai Party) ခေါင်းဆောင် ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) ကို ထိုင်းရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့ကပဲ ထောက်ခံပေးလိုက်လို့ သူဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာဖို့ လမ်းခရီး ဖြောင့်ဖြူးသွားပါပြီ။
သူ မဲဆွယ်လှုပ်ရှားမှုတွေမှာတုန်းက သူ့အကို အပါအဝင် ပိတ်ပင်ခံထားရတဲ့ နိုင်ငံရေးသမားတွေကို ထည့်သွင်း လှုပ်ရှားခဲ့တာကြောင့် ရွေးကောက်ပွဲ ဥပဒေတွေကို မစ်စ် ရှင်နာဝပ်က ချိုးဖောက်တယ်ဆိုပြီး တိုင်တန်းထားတာကို ပယ်ချဖို့ ရွေးကောက်ပွဲ ကော်မရှင်က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၃ ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို မစ်စ် ယင်လတ်က မဲအများစု ရရှိပြီး နိုင်ပေမဲ့လည်း ရွေးကောက်ပွဲ ကော်မရှင်က အရင်တပတ်က ထောက်ခံပေးဖို့ ပျက်ကွက်ခဲ့လို့ နိုင်ငံ မတည်မငြိမ်ဖြစ်မှာ စိုးရိမ်နေကြရာက အခုဆုံးဖြတ်ချက်ကြောင့် ပြေလျော့သွားပြီ ဖြစ်ပါတယ်။