သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္ဂနွေနေ့ ကျင်းပမည့် ထိုင်းရွေးကောက်ပွဲ ရက်မရွှေ့


ထိုင်းနိုင်ငံမှာ မတည်ငြိမ်သေးတဲ့ အနေအထားနဲ့ အတိုက်အခံတွေရဲ့ သပိတ်မှောက်မှုတွေ ရှိနေဆဲဖြစ်ပေမဲ့ ရွေးကောက်ပွဲကို အစီအစဉ်ရှိထားသလို ဒီတနင်္ဂနွေနေ့မှာ ကျင်းပသွားမယ်လို့ ထိုင်းအစိုးရက ပြောလိုက်ပါတယ်။

ဆန့်ကျင်မှုတွေနဲ့ ကြုံနေရတဲ့ ဝန်ကြီးချုုပ် Yingluck Shinawatra နဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ အင်္ဂါနေ့က တွေ့ဆုံအပြီး အခုလို ဆုံးဖြတ်လိုက်ကြတာပါ။ သူ့ရဲ့ အုပ်ချုပ်မှုကို ခြိမ်းခြောက်နေတဲ့ လများကြာရှည် နိုင်ငံရေးပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ အချိန်စောကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဖြစ်တယ်လို့ Yingluck Shinawatra က အခိုင်အမာ ပြောနေတာပါ။

ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဆိုင်းထားနိုင်ဖို့ ကြိုးစားနေခဲ့ပြီး အကြမ်းဖက်မှုတွေ ထပ်ပြီး ရှိလာနိုင်သေးလို့ ဆန္ဒမဲပေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လာမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်ဖို့ ၂ ဘက်လုံးက သဘောတူခဲ့ကြတယ်လို့ အင်္ဂါနေ့ အစည်းအဝေးကို တက်ရောက်တဲ့ အစိုးရနဲ့ အာဏာရပါတီ အရာရှိတွေက ပြောပါတယ်။

အခု သီတင်းပတ်တွေအတွင်း ကားပေါ်ကနေ သေနတ်နဲ့ ပစ်သွားတာတွေ၊ ပေါက်ကွဲမှုတွေနဲ့ တခြား တိုက်ခိုက်မှု အသေးစားတွေကြောင့် လူ ၁၀ ဦးမက သေဆုံးခဲ့ရပါတယ်။
XS
SM
MD
LG