သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်စွယ်ရောင်းဝယ်မှု ပိတ်ပင်ဖို့ ထိုင်းဆုံးဖြတ်


၂၀၁၂ ခုနှစ်က စင်ကာပူနိုင်ငံမှာ ဖမ်းဆီးသိမ်းယူခဲ့တဲ့ ကင်ညာနိုင်ငံက ဆင်စွယ်များ။
၂၀၁၂ ခုနှစ်က စင်ကာပူနိုင်ငံမှာ ဖမ်းဆီးသိမ်းယူခဲ့တဲ့ ကင်ညာနိုင်ငံက ဆင်စွယ်များ။
ထိုင်းနိုင်ငံမှာ ဆင်စွယ်ကုန်ကူးမှု ပပျောက်ရေး လုပ်ဆောင်မယ်လို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလက်ရှင်နာဝပ် က ကတိပြုပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဆင်စွယ်ရောင်းဝယ် ဖောက်ကားမှုကို ရပ်တန့်စေရေးအတွက် ဥပဒေကြောင်းအရ ပြင်ဆင်မှုတွေ လုပ်ဆောင်မယ်လို့ ဝန်ကြီးချုပ် ယင်းလက်က ပြောလိုက်တာပါ။

ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ ဆင်ရိုင်းတွေရော၊ တခြားဆင်တွေနဲ့ အာဖရိကဆင်တွေကို အကာအကွယ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သူမက ပြောပါတယ်။ နိုင်ငံတကာ ရှားပါး တောရိုင်းတိရစ္ဆာန်တွေနဲ့ သစ်ပင်ပန်းမံတွေ ကူးသန်းရောင်းဝယ်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာညီလာခံ အဖွင့်မိန့်ခွန်းမှာ ထိုင်းဝန်ကြီးချုပ်က အခုလို ပြောလိုက်တာပါ။

သူမရဲ့အစိုးရအနေနဲ့ ဆင်စွယ် ရောင်းဝယ်ဖောက်ကားမှုအပေါ် ဥပဒေအရ တင်းတင်းကျပ်ကျပ် ကိုင်တွယ်လုပ်ဆောင်မယ်လို့ ဝန်ကြီးချုပ်ယင်းလက် က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ ဆင်စွယ်မှောင်ခိုရောင်းချမှု ဒုတိယအများဆုံးလိုက်တဲ့ နိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့က မှတ်တမ်းတင်ထားပါတယ်။
XS
SM
MD
LG